DVB Logo
Home
မြန်မာသတင်း
ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ ဖျက်သိမ်းပေးရေး ဆန္ဒပြ
DVB
·
April 23, 2018
ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ ဖျက်သိမ်းပေးရေး ဆန္ဒပြ
1 / 5
Donate to DVB

 

မန္တ​လေးတိုင်း​၊ ပုသိမ်​ကြီးမြို့နယ်​၊ ဒဟတ်​​တောအုပ်​စု၊ ​အောင်​သ​ပြေ​ကျေးရွာအနီး​ က ​ကျောက်​မီး​သွေးစွမ်းအင်​သုံး (မြင့်) ဘိလပ်​​မြေစက်ရုံကို ဖျက်​သိမ်းပေးဖို့ ​​​အောင်​သ​ပြေ​ကျေးရွာ ​ဒေသခံ​တွေက ဆန္ဒပြတောင်းဆိုပါတယ်။

ဆန္ဒပြပွဲဦး​ဆောင်​သူ ဦး​ရွှေအုန်းက “ကျ​နော်​တို့​ အောင်​သ​ပြေ​ကျေးရွာရဲ့ ခြံစည်းရိုးကို ကပ်​ပြီး ​ကျောက်​မီး​သွေးစွမ်းအင်​သုံး(မြင့်)ဘိလပ်​​မြေ ကုမ္ပဏီက လာ​ရောက်​တည်​​ဆောက်​​နေတဲ့ အတွက်​ သဘာဝပတ်​ဝန်းကျင်​​တွေ ပျက်​စီးပြီး စက်​သံ​တွေက ဆူညံ​နေတယ်​။ ​ရွာက သက်​ကြီးရွယ်​အို​တွေ ​ကျောင်းသူ​ကျောင်းသား​တွေ ညတိုင်း အိပ်​မရကြဘူး။ စက်​ရုံပြီးသွားရင်​လည်း အနံ့ဆိုး​တွေ အမှုန်အမွှား​တွေကျလာမှာ​တွေ​ကြောင့် ဒေသခံ​တွေ ကျန်းမာ​ရေးထိခိုက်​မယ်​။ ဒါ​ကြောင့်ပါ ”လို့ ​ ပြောပါတယ်​။

ဒ့ါအပြင် အစိုးရဂုဏ်​သိက္ခာကို ထိခိုက်​​အောင်​​ပြောဆို​နေတဲ့ ကျေးရွာ အုပ်​ချုပ်​​ရေးမှူးကို ဖြုတ်​ချပြီး အ​ရေးယူ​ပေး​ဖို့နဲ့ အောင်​သ​ပြေ​ကျေးရွာ ဆိုင်းဘုတ်​ကို ဖျက်​စီးတဲ့သူကိုလည်း ထိထိ​ရောက်​​ရောက်​ အ​ရေးယူ​ပေးဖို့ ရွာသားတွေကတောင်းဆိုပါတယ်။

အောင်​သ​ပြေ​ကျေးရွာသား ၂၀၀​ကျော်​ဟာ တရားဥပ​ဒေစိုးမိုး​ရေး ဒို့အ​ရေး၊ အစိုးရပုံရိပ်​ကို ထိခိုက်​​အောင်​​ပြောဆို​နေ​တဲ့ အုပ်​ချုပ်​​ရေးမှူးအား အ​ရေးယူ​ပေး​ရေး ဒို့အ​ရေး၊ ​ကျောက်​မီး​သွေး စွမ်းအင်​သုံး ဘိလပ်​​မြေစက်​ရုံအပြီးအပိုင်​ ဖျက်​သိမ်း​ပေး​ရေး ဒို့အ​ရေး၊ ​အောင်​သ​ပြေ​ကျေးရွာမှ ကြိုဆိုပါ၏ ဆိုင်းဘုတ်​ဖျက်​ဆီးသူတွေကို ဥပ​ဒေအရထိ​ရောက်​စွာအ​ရေးယူ​ပေး​ရေး ဒို့​အ​ရေး၊ ဖွံ့ဖြိုး​ရေးလမ်း​ဘေးမှ စိုက်​ပျိုးထား​တဲ့ သစ်​ပင်​တွေ ခုတ်​လှဲတာကို အ​ရေးယူ​ပေး​ရေး စတဲ့​ကြွေး​ကျော်​သံ ၅ ချက်​ကို​ နန်းဦးလွင်​​ ကျေးရွာထိပ်​က​နေ ပုသိမ်​ကြီးမြို့မှကြိုဆိုပါ၏ ဆိုင်းဘုတ်​အထိ လမ်း​လျှောက်​ဆန္ဒထုတ်​​ဖော်​ခဲ့ကြပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013