DVB Logo
Home
မြန်မာသတင်း
မကွေးမြို့က တာဝန်သိ ယာဉ်ထိန်းရဲ ၁ဦးကို  ရွှေခရာစလွယ်ဆုချီးမြှင့်
DVB
·
April 23, 2018
မကွေးမြို့က တာဝန်သိ ယာဉ်ထိန်းရဲ ၁ဦးကို  ရွှေခရာစလွယ်ဆုချီးမြှင့်
Donate to DVB

 

မကွေးတိုင်းဒေသကြီးမကွေးမြို့မှာ တာဝန်ကျေ၊ တာဝန်သိတဲ့ ယာဉ်ထိန်းတပ်ဖွဲ့ဝင် တစ်ဦးကို မကွေးပရဟိတအဖွဲ့က မြို့လူထုကိုယ်စား ဧပြီ ၂၂ ရက်က ရွှေခရာ စလွယ်ဆု ချီးမြှင့်လိုက်ပါတယ်။

ယာဉ်ထိန်းတပ်ကြပ်ကြီး  ခင်မောင်အေး (ခ) ကုလားကြီးဟာ မကွေးမြို့ပေါ် တာဝန်ကျရာနေရာတွေမှာ မွန်မြတ်တဲ့စိတ်ထားနဲ့ တာဝန်ကျေပွန်စွာ ထမ်းဆောင်တဲ့အတွက် မကွေးမြို့ရဲ့ လူထု မေတ္တာရရှိထားပြီး မကွေးပရဟိတ အဖွဲ့က ချီးမြှင့်တဲ့ ရွှေခရာ စလွယ်ဆု နဲ့ ငွေသားဆုတွေပါ ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

မကွေးပရဟိတ အဖွဲ့ခေါင်းဆောင် ကိုမိုးက “သူတာဝန်ကျရာနေရာမှာ နေပူမရှောင် မိုးရွာမရှောင်တာဝန်သိ တာဝန်ကျေပွန်ပြီး မကွေးမြို့ လူထုရဲ့မေတ္တာကို အများဆုံးရရှိတဲ့ ဝန်ထမ်းတဦးဖြစ်တဲ့အတွက် ကျနော်တို့ အသင်းဝင်တဦးက အဲလို စလွယ်တွေ လုပ်တဲ့သူတဦးက တာဝန်ယူပြုလုပ်ပေးပြီး သူတာဝန်ကျတဲ့နေရာကို သွားရောက်ပြီး ရွှေခရာ စလွယ်နဲ့ ငွေသားဆုများသွားရောက် ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ အသင်းအနေနဲ့ကတော့ သင်္ကြန်မတိုင်ခင်ထဲက ဆုချီးမြှင့်ဖို့အစီစဉ်ရှိပါတယ်။ သူတဦးတည်းကို မဟုတ်ပါဘူး။ လူထုအပေါ်မှ ကိုယ်ရောစိတ်ပါ တာဝန်ကျေပွန်တဲ့ ဘယ်ဝန်ထမ်းမျိုးမဆို ဆုချီးမြှင့်နိုင်အောင် ဆက်လက်ကြိုးပမ်းသွားမှာပါ”လို့ပြောပါတယ်။

အမှတ်(၄)ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲ(မကွေး) ယာဉ်ထိမ်းတပ်ဖွဲ့မှူး ရဲမှူးသာဌေးကတော့  “ခုလို ကျနော်တို့ဝန်ထမ်းတွေကို ပြည်သူလူထုက အသိအမှတ်ပြု ဆုချီးမြှင့်ပေးတဲ့အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်၊ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကိုလည်း ဒီထက်မက တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်တဲ့ ဝန်ထမ်းကောင်တွေဖြစ်ဖို့ စဉ်ဆက်မပြတ် ကြိုးစားသွားမှာပါ” လို့ ပြောပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013