DVB Logo
Home
မြန်မာသတင်း
တနိုင်းမြို့နယ် တိုက်ပွဲတွင်း ပိတ်မိနေသူ ၂၅၀ ကို ကယ်ဆယ်
DVB
·
April 23, 2018
တနိုင်းမြို့နယ် တိုက်ပွဲတွင်း ပိတ်မိနေသူ ၂၅၀ ကို ကယ်ဆယ်
1 / 2
Donate to DVB

 

ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့က အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် တနိုင်းမြို့နယ် အောင်လော့ဒ်ကျေးရွာမှာ ပိတ်မိနေတဲ့သူတချို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့က ဦးဆောင်ပြီး သွားရောက်ကယ်ဆယ်ခဲ့ပါတယ်။

သွားရောက်ကယ်ဆယ်ခဲ့တဲ့ အထဲမှာပါဝင်တဲ့ တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးလင်းလင်းဦးက “သူတို့ကတော့ အောင်လော့ဒ်ရွာသားတွေ မဟုတ်ဘူး။ အောင်လော့ဒ်ဘက်မှာ အလုပ်သွားလုပ်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ။ စုစုပေါင်း ၂၂၅ ဦးပေါ့။ အဲဒါကို ပြည်နယ်ကဘက်က ကြက်ခြေနီအသင်းနဲ့  တနိုင်းက ကြက်ခြေနီအဖွဲ့တွေ သွားပြီးမှ ပြန်ခေါ်ခဲ့တာပေါ့။ မနေ့က ကျနော်တို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်တဲ့ ဌာနဆိုင်ရာကိုယ်စားလှယ်တွေ မနေ့က တနိုင်းမြို့ အောင်စိုးမိုး ကျေးရွာမှာ သွားကူတာပေါ့။ ”

တောတွင်းထွက်ပြေးနေရတဲ့ အောင်လော့ဒ်ရွာသားတွေကတော့ မြို့ထဲမလာရဲဘဲ တောတွင်းတွေမှာသာ ထွက်ပြေးနေရဆဲပဲလို့ ဆိုပါတယ်။

အောင်စိုးမိုးကျေးရွာကို ရောက်လာတဲ့ အောင်လော့ဒ်က ရွှေ့ပြောင်းလုပ်သားတွေကိုတော့ မနေ့က တပ်ကစစ်ဆေးမှုတွေလုပ်ခဲ့ပြီး ဒီကနေ့မှာ သူတို့နေရပ်ကို ထွက်ခွာမယ်လို့လည်း ဦးလင်းလင်းဦးက ပြောပါတယ်။

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ အောင်လော့ဒ်ရွာက စစ်ဘေးကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ ဒေသခံတွေ အိမ်ပြန်နိုင်ရေးအတွက် တပ်မတော်က ကူညီသွားမယ်လို့ တနိုင်းမြို့ပေါ်မှာ ဧပြီ ၈ ရက်နေ့က လိုက်လံကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013