DVB Logo
Home
မြန်မာသတင်း
ဒေါက်တာစောမြအောင် နှစ် ၁၀၀ ပြည့် အမှတ်တရအခမ်းအနားကျင်းပ
DVB
·
April 23, 2018
ဒေါက်တာစောမြအောင် နှစ် ၁၀၀ ပြည့် အမှတ်တရအခမ်းအနားကျင်းပ
1 / 7
Donate to DVB

 

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီတည်ထောင်သူ ဥက္ကဋ္ဌကြီး ဒေါက်တာ စောမြအောင် နှစ် ၁၀၀ ပြည့် အမှတ်တရအခမ်းအနားကို ဒီကနေ့ဧပြီ ၂၃ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဦးလှမြင့်က "ဥက္ကဋ္ဌကြီး ဒေါက်တာစောမြအောင်ရဲ့ အရည်အချင်းတွေ ဂုဏ်ပုဒ်တွေကို နိုင်ငံရေးဖြတ်သန်းခဲ့ပုံတွေကို အတုယူနည်းယူစေချင်"လို့ ဒီပွဲကို လုပ်ရတာလို့ ပြောပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြုလုပ်တဲ့ ဒီအခမ်းနားကို ရခိုင်အမျိုးသားပါတီ၊ ရခိုင်မျိုးချစ်ပါတီ၊ ရခိုင်သဟာယအသင်း၊ ရခိုင်အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပါတီတည်ထောင်သူ ဥက္ကဋ္ဌကြီး ဒေါက်တာစောမြအောင်ရဲ့သမီးဖြစ်သူ ဒေါက်တာတင်မာအောင်နဲ့ ဒေါ်တင်မေအောင် တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

ဒါအပြင် ရခိုင်ပြည်ဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေနဲ့ ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းက အဖွဲ့ဝင်တွေလည်း တက်ရောက်ပြီး ဒေါက်တာ စောမြအောင်ရဲ့ ဘဝဖြတ်သန်းမှုတွေ နိုင်ငံရေးခံယူချက်တွေကို ဆွေးနွေး ကြပါတယ်။

ဒေါက်တာစောမြအောင်ရဲ့သမီး ဒေါက်တာတင်မာအောင်က "အဖေဟာ မြန်မာ့ နိုင်ငံရေးနဲ့ ရခိုင်ပြည်နယ်အရေးကို တကယ်ပြောင်းလဲနိုင်မယ့်သူက ဒေါ်အောင်ဆန်းစုကြည် ဖြစ်ကြောင်း၊ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အစွမ်းကုန်ကူညီဖို့ မှာထားခဲ့တာရှိကြောင်း၊ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နားမှာ အချိန်တခုအထိ အတူတူနေခဲ့ပြီး အခု ရခိုင်ပြည်နယ် အရေးအတွက် စွမ်းဆောင်နိုင်တဲ့ဘက်ကနေ လုပ်ဆောင်နေကြောင်း" ပြောဆိုသွားပါတယ်။

၁၉၈၈ ခုနှစ်က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ရခိုင်အမျိုးသားသမဂ္ဂ (ရန်ကုန်)နဲ့ ရခိုင်သဟာယအသင်း (ရန်ကုန်) တို့ကနေ ပူးပေါင်းဖွဲ့စည်းတည်ထောင်ခဲ့ပြီး ဒေါက်တာ စောမြအောင်က ဥက္ကဋ္ဌအဖြစ် တာဝန်စတင်ယူခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013