ဒေါ်အောင်ဆန်းစုကြည် အမှန်တရားဘက်က ရပ်တည်ပေးမည်ဟု ဒုရဲမှူးမိုးရန်နိုင်၏ဇနီးမျှော်လင့်
DVB
·
April 23, 2018
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ၏ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ အမှန်တရားဘက်မှာ ရပ်တည်ပေးမယ်လို့ ယုံကြည်ပြီး အားကိုးတယ်လို့ ဖမ်းဆီးခံထားရတဲ့ ဒုရဲမှူးမိုးရန်နိုင်ရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။
ရိုက်တာသတင်းထောက် ၂ ဦးဖမ်းဆီးတရားစွဲခံနေရတာနဲ့ ပတ်သက်ပြီး တရားခွင်မှာ အမှန်တရားထွက်ဆိုခဲ့တဲ့ ဒုရဲမှူးမိုးရန်နိုင်ရဲ့ ဇနီးဖြစ်သူ ဒေါ်တူးတူးက ဧပြီ ၂၂ ရက်နေ့က မန္တလေးမြို့မှာ သတင်းမီဒီယာတွေကိုတွေ့ဆုံ သတင်းစာရှင်းလင်းခဲ့တာပါ။
ဒုရဲမှူးမိုးရန်နိုင်ကို မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အခုချိန်ထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရှိသေးတာကြောင့် ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ ကြုံတွေ့နေရမှာကိုလဲ မိသားစုဝင်တွေက စိုးရိမ်နေတယ်လို့ ပြောပါတယ်။
နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ဖမ်းဆီး တရားစွဲခံထားရတဲ့ ရိုက်တာသတင်းထောက် နှစ်ဦးကို ရဲတပ်ဖွဲ့က ထောင်ဖမ်းခဲ့တာဖြစ်တယ်လို့ တရားလိုပြ သက်သေ အင်းဒင်ရဲစခန်းက ဒုရဲမှူးမိုးရန်နိုင်က ဧပြီ ၂၀ ရက်နေ့ တရားရုံးထုတ်ရာမှာ ထွက်ဆိုသွားခဲ့တာပါ။
တရားရုံးမှာ အမှန်အတိုင်းထွက်ဆိုပြီးနောက်တနေ့မှာဘဲ ဒုရဲမှူး မိုးရန်နိုင်ရဲ့ မိသားစုဟာလည်း နေပြည်တော်တိုင်း ရဲတပ်ဖွဲ့ လိုင်းခန်းကနေ ဖယ်ရှားခံခဲ့ရပါတယ်။
သတင်း၊ ဓာတ်ပုံ-အောင်အောင်