DVB Logo
Home
မြန်မာသတင်း
သမ္မတဟောင်း ဦးသိန်းစိန် တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ဘေဂျင်းမြို့၌ တွေ့ဆုံဆွေးနွေး
DVB
·
April 23, 2018
သမ္မတဟောင်း ဦးသိန်းစိန် တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ဘေဂျင်းမြို့၌ တွေ့ဆုံဆွေးနွေး
Donate to DVB

 

သမ္မတဟောင်း ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ နိုင်ငံတော်ကောင်စီဝင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယိနဲ့ ဧပြီ ၂၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ တရုတ်ဆင်ဟွာ သတင်းမှာ ဖော်ပြပါတယ်။

တွေ့ဆုံရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယိက နှစ်နိုင်ငံအကြား ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေ ရေရှည်ဖွံ့ဖြိုးတိုးတက်နေတာ မြင်တွေ့ရတဲ့ အကြောင်းနဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်း ဆက်လက်တည်ဆောက်ရေးနဲ့ မြန်မာ့စီးပွားရေးတိုးတက်မှုအတွက် တွန်းအားသစ်တွေ ပေးဖို့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနဲ့အတူ  ပူးပေါင်းဆောင်ရွက်လိုတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်တိုးတက်ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အပြုသဘော ကဏ္ဍကနေ ပါဝင်ဆောင်ရွက်နေတာကို တွေ့မြင်ရတဲ့အပေါ် တရုတ်နိုင်ငံအနေနဲ့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရတယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဦးသိန်းစိန်ကတော့ မြန်မာပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်အောင် ကူညီပေးမှုတွေအပြင် စီးပွားရေးတိုးတက်မှုနဲ့ လူမှုရေးဖွံ့ဖြိုးမှုတို့အတွက် တရုတ်နိုင်ငံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ်ပြုကျေးဇူးတင်တဲ့အကြာင်း ပြန်လည်ပြောကြားပါတယ်။

ဒါ့အပြင် မြန်မာ-တရုတ် ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု အဆင့်သစ် မြှင့်တင်နိုင်ရေး တွန်းအားပေး ဆောင်ရွက်ဖို့ မျှော်လင့်တယ်လို့လည်းပြောကြားခဲ့တယ်လို့  ဆင်ဟွာသတင်းအရ သိရပါတယ်။

ဓာတ်ပုံ-ဆင်ဟွာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013