DVB Logo
Home
မြန်မာသတင်း
ငါးခူရနှင့် လှဖိုးခေါင်ကြားစခန်းကို အစိုးရတာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး (သတင်းဓာတ်ပုံ)
DVB
·
April 23, 2018
ငါးခူရနှင့် လှဖိုးခေါင်ကြားစခန်းကို အစိုးရတာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး (သတင်းဓာတ်ပုံ)
1 / 4
Donate to DVB

နေရပ်စွန့်ခွာ ထွက်ပြေးသွားကြသူတွေကို ပြန်လည်လက်ခံမယ့် ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ ငါးခူရလက်ခံရေးစခန်းနဲ့ လှဖိုးခေါင်ကြားစခန်းတွေကို သက်ဆိုင်ရာ နိုင်ငံတော်အစိုးရ တာဝန်ရှိသူတွေနဲ့ ပြည်နယ်အစိုးရတာဝန်ရှိသူတွေ ဒီကနေ့ လာရောက် ကြည့်ရှု စစ်ဆေးသွားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုဝန်ကြီးနဲ့  ရခိုင်ပြည်နယ်ဝန်ကြီးတွေ အပါအဝင် ပြည်နယ်အဆင့် ဌာနဆိုင်ရာတွေပါဝင်တဲ့ အဖွဲ့ဟာ ဒီကနေ့မနက်ပိုင်းက  စစ်တွေကနေတဆင့် မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ရောက်ရှိကြပြီး မီးလောင်ပြင် ရှင်းလင်းရေး လုပ်ငန်းကိစ္စတွေကို  ကုမ္ပဏီလုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းဆွေးနွေးကြပါတယ်။

ဒီနောက် ပြည်ထောင်စု ဒုဝန်ကြီး ဦးဆောင်တဲ့ အဖွဲ့ဟာ ငါးခူရလက်ခံရေးခန်းသို့ သွားရောက်ကြပြီး ဌာန ၁၀ ခုမှ တာဝန်ခံပုဂ္ဂိုလ်တွေကို သိလိုတာတွေ မေးမြန်းပြီး လိုအပ်ချက်တွေကို တင်ပြခဲ့ကြပါတယ်။

ဒါ့အပြင် နေရပ်ပြန်လာမယ့်သူတွေကို လက်ခံထားမယ့် လှဖိုးခေါင်ကြားစခန်းကို ဆက်လက်သွားရောက်ပြီး စခန်းတည်ဆောက် ပြီးစီးမှု အနေအထားတွေကို သွားရောက် လေ့လာကြည့်ရှုခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးစွန့်ခွာသွားသူတွေထဲက ဆန္ဒအလျောက် နေရပ်ပြန်လာလိုသူတွေကို စိစစ်လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလို့ မြန်မာအစိုးရဘက်က ပြောကြားထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ- ရဲမင်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013