DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ်စတင်
DVB
·
June 13, 2012
ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ်စတင်
Donate to DVB

အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒ်ါအောင်ဆန်းစုကြည်ဟာ နှစ်ပေါင်း ၂၄ နှစ်အတွင်း ဒုတိယမြောက် ပြည်ပခရီးစဉ် အဖြစ် ဥရောပနိုင်ငံတွေကို ဒီနေ့ မနက် စတင် ထွက်ခွာပါတယ်။

မနက် ၁၀ နာရီလောက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထိုင်း နိုင်ငံတကာ လေကြောင်းလိုင်း (တီဂျီ)  နဲ့ ထိုင်းနိုင်ငံကနေ တဆင့် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ကို ထွက်ခွာသွားတာ လို့ အန်အယ်လ်ဒီ ပါတီက ပြောပါတယ်။

[caption id="attachment_26596" align="alignleft" width="300" caption="ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့ရစဉ်"][/caption]

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ  လုံခြုံရေး အရာရှိ ဦးခွန်သာမြင့်၊ ကိုယ်ရေး အရာရှိ ဒေါက်တာ ဇင်မာအောင်၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးဖြိုးဇေယျာသော်နဲ့  အန်အယ်လ်ဒီ လူငယ် ကိုနေခြည်ဝင်းတို့လည်း လိုက်ပါသွား ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျီနီဗာမှာ ကျင်းပနေတဲ့ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် (အိုင်အယ်လ်အို) ညီလာခံမှာ မိန့်ခွန်းပြောကြားဖို့ ရှိပြီး အဲ့ဒီနောက် နော်ဝေ၊ ဗြိတိန်၊ အိုင်ယာလန်နဲ့ ပြင်သစ် နိုင်ငံတွေကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ ၁၈ ရက်ကြာမြင့်မှာဖြစ်ပြီး ခရီးစဉ်ရဲ့ ထူးခြားမှုနဲ့ ပတ်သက်ပြီး ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း က ခုလို ပြောပါတယ်။

“ထူးခြားမှုဆိုတာက နိုင်ငံတကာရဲ့ အားပေးထောက်ခံမှုကို အန်အယ်လ်ဒီ လိုချင်တယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း မိမိနေထိုင်လာခဲ့တဲ့ ကျောင်း ရှိခဲ့တဲ့နေရာ၊ နေရာဟောင်းကို ပြန် အလည်အပတ်သွားတယ်။ ဒါ သဘာဝကျပါတယ်။ ကျနော်တို့ဟာ အနှစ် ၂၀ လုံးလုံး နိုင်ငံတကာ ထောက်ခံမှုတွေကို တောင်းခေါ်တယ်။ ကျနော်တို့ လည်း ကြိုးစားတယ်။ ဒီကြားထဲ အခုအခြေအနေ ပြောင်းလာတဲ့အခါမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးဟာလည်း နိုင်ငံတကာရဲ့ အားပေးကူညီမှုတွေ အများကြီးလိုအပ်တယ်။ ဒီခရီးစဉ်ဟာ ဒါတွေအတွက် ရည်ရွယ်တယ်လို့ ယူဆပါတယ်။”

နော်ဝေ၊ ဗြိတိန်၊ ပြင်သစ်နဲ့ ဥရောပရောက် မြန်မာအသိုင်းအ၀ိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည် ဥရောပကိုရောက်လာရင် ကြိုဆို တွေ့ဆုံနိုင်ဖို့ ကြိုတင်ပြင်ဆင်နေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ လကုန်ပိုင်းက နှစ်ပေါင်း ၂၄ နှစ်အတွင်း ပထမဆုံး ပြည်ပ ခရီးစဉ် အဖြစ် ထိုင်းနိုင်ငံကိုသွားရောက်ခဲ့ပြီး အရှေ့အာရှဆိုင်ရာ ကမ္ဘာ့ စီးပွားရေးဖိုရမ်မှာ ပါဝင် တက်ရောက်ခဲ့တဲ့ အပြင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ရော နယ်စပ်ဒေသက စစ်ဘေး ဒုက္ခသည်တွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013