DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းဒေသကြီး ကျေးရွာ ၈၁ ရွာ ရေရရှိရေး ဆောင်ရွက်ပေးမည်
DVB
·
April 22, 2018
စစ်ကိုင်းတိုင်းဒေသကြီး ကျေးရွာ ၈၁ ရွာ ရေရရှိရေး ဆောင်ရွက်ပေးမည်
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေနဲ့ ကျေးရွာ  ၈၁ ရွာကို ရေရရှိရေးအတွက် လုပ်ဆောင်ပေးသွားမယ်လို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေ ၁၂၂၅.၆၈၃ နဲ့ ဧပြီကနေ စက်တင်ဘာအထိ ၆ လတာကာလအတွင်း စစ်ကိုင်းတိုင်း ခရိုင် ၉ ခုမှ ကျေးရွာပေါင်း ၈၁ ရွာ ရေရရှိရေး နည်းလမ်း ၆ မျိုးနဲ့ လုပ်ဆောင်ပေးသွားမယ်လို့ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းကျော်မျိုးက ပြောပါတယ်။

ကလေးခရိုင် ကျေးရွာ ၁ဝ ရွာမှာ တွင်းနက် ၇ တွင်း၊ စိမ့်စမ်း ရေသွယ်ခြင်းလုပ်ငန်း ၃ ခုအတွက် ငွေကျပ် ၁၆၉ သန်း။ ကသာခရိုင် ကျေးရွာ ၁၉ ရွာမှာ တွင်းတိမ် ၁ တွင်း၊ တွင်းနက် ၁၁ တွင်း၊ လက်တူးတွင်း ၃ တွင်းနဲ့ စိမ့်စမ်းရေသွယ်တဲ့လုပ်ငန်း ၄ ခုကို ငွေကျပ် ၂၄၆ သန်း။ ကန့်ဘလူခရိုင် ကျေးရွာ ၇ ရွာမှာ တွင်းနက် ၇ တွင်းအတွက် ငွေကျပ် ၈၉ သန်း။ ခန္တီးခရိုင် ကျေးရွာ ၆ ရွာမှာ တွင်းနက် ၄ တွင်း၊ စိမ့်စမ်းရေသွယ်ခြင်းလုပ်ငန်း ၂ ခုကို ငွေကျပ် ၈၃.၂ဝဝ သန်းနဲ့ စစ်ကိုင်းခရိုင် ကျေးရွာ ၇ ရွာမှာ တွင်းနက် ၂ တွင်း၊ အခြားနည်းနဲ့ ရေရရှိရေးလုပ်ငန်း ၅ ခုကို ငွေကျပ် ၁၃၉.ဝ၈၃ သန်းနဲ့ လုပ်ဆောင်ပေးမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မုံရွာခရိုင် ကျေးရွာ ၆ ရွာမှာ တွင်းနက် ၆ တွင်းကို ငွေကျပ် ၉၃.၇ဝဝ သန်း၊ မော်လိုက်ခရိုင် ကျေးရွာ ၅ ရွာမှာ တွင်းနက် ၅ တွင်းကို ငွေကျပ် ၆၄ သန်း၊ ယင်းမာပင်ခရိုင် ကျေးရွာ ၉ ရွာမှာ တွင်းနက် ၈ တွင်းနဲ့ ရေကန်တူးဖော်တဲ့ လုပ်ငန်းကို ငွေကျပ် ၁၃၉.၂ဝဝ သန်း၊ ရွှေဘိုခရိုင် ကျေးရွာ ၁၂ ရွာမှာ တွင်းနက် ၁၁ တွင်းနဲ့ တက်တူးတွင်း ၁ တွင်းကို ငွေကျပ် ၂ဝ၁.၇ဝဝ သန်းနဲ့ လုပ်ဆောင်ပေးသွားမယ်လို့ ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013