DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့ ကုသိုလ်တော်ဘုရား (ဓာတ်ပုံ)
DVB
·
April 22, 2018
မန္တလေးမြို့ ကုသိုလ်တော်ဘုရား (ဓာတ်ပုံ)
1 / 12
Donate to DVB

 

မန္တလေးမြို့ ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီး မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရား စေတီတော်ကြီးကို မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ် ကဆုန်လဆန်း ၁၄ ရက်နေ့မှာ စတင်တည်ဆောက်ခဲ့ပြီး ဉာဏ်တော် ၁၇၇.၉ ပေအမြင့် ရှိပါတယ်။

ရှေးဟောင်းသမိုင်းဝင် ကုသိုလ်တော်ဘုရားကျောက်စာများကို ပိဋကတ်သုံးပုံ ပါဠိတော် ကျောက်စာပေါင်း ၇၂၉ ချပ်ကို မြန်မာသက္ကရာဇ် ၁၂၂ ခုနှစ်မှာ စတင်ထွင်းထုခဲ့ရာ ၁၂၃၀ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။

မာတိကာအလိုက် ပိဋကတ်သုံးပုံကျောက်စာများမှာ (က) သုတ္တန်(၃)ကျမ်း ကျောက်စာ (၄၁၀)ချပ်၊ (ခ) ၀ိနည်း(၅)ကျမ်း ကျောက်စာ(၁၁၁)ချပ်၊ (ဂ) အဘိဓမ္မာ(၇)ကျမ်း ကျောက်စာ (၂၀၈)ချပ်၊ (ဃ) သမိုင်းကျောက်စာ(၁)ချပ်နဲ့ ဓမ္မစေတီတစ်ဆူကို ကျောက်စာတချပ်နှုံးနဲ့ မင်းတုန်းမင်းက တည်ထားခဲ့ပါတယ်။ ၁၃ ဧကကျယ်ဝန်းသော စေတီပရ၀ုဏ်သုံးထပ်အတွင်း စိုက်ထူတည်ဆောက်ထားခဲ့ပါတယ်။

နှစ်ပေါင်းများစွာကြာရှိနေတဲ့ ကျောက်စာဓမ္မစေတီ ထီးတော်တွေမှာ လေဒဏ်မိုးဒဏ် ကြောင့် ပျက်စီးယို့ယွင်းမှုတွေရှိနေတာကြောင့် ထီးတော်တွေနဲ့ ဓမ္မစေတီဆူများမှာ ထုံးသင်္ကန်း ကပ်လှူပူဇော်မှုတွေကို ဧပရယ်လ(၂၂)ရက်နေ့က ကုသိုလ်တော်ဘုရားစေတီနဲ့ စန္ဒာမုနိဘုရား စေတီတွေကို ထီးတော်အသစ်များကို နိုင်ငံတော်အကြီးအကဲများ၏ မိသားစုဝင်များနဲ့ မန္တလေး မြန်မာအမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များအသင်းမှ အဖွဲ့အစည်းတွေပူပေါင်းပြီး လှူဒါန်းတင်လှူ ပူဇော်မှုပြုလုပ်နေကြပါတယ်။

သတင်း၊ ဓာတ်ပုံ - အောင်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013