DVB Logo
Home
မြန်မာသတင်း
အင်းတော်တွင် ပေါင်ပုပ်လက်ပုပ်ရောဂါကြောင့် ကျွဲနွား ၄ ကောင်သေဆုံး
DVB
·
April 22, 2018
အင်းတော်တွင် ပေါင်ပုပ်လက်ပုပ်ရောဂါကြောင့် ကျွဲနွား ၄ ကောင်သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မင်းကုန်းရွာ၊ အလယ်ကျွန်းရွာ၊ သက်ခါးကျေးရွာ ၃ ရွာဆုံ စားကျက်မြေမှာ ပေါင်ပုပ်လက်ပုပ်ရာဂါကြောင့် ကျွဲ ၂ ကောင် နွားကောင် ၂ သေဆုံးခဲ့ပြီး ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်နေတယ်လို့ အင်းတော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းသူက ပြောပါတယ်။

“ကျနော်တို့ ကိုယ်တိုင်ကဖြစ်တဲ့ဟာကို မမြင်ရဘူး။ သေတယ်ဆိုတဲ့ဟာက အငယ်လေးတွေဖြစ်တယ်။ တောထဲမှာ သေပြီးပုတ်နေတာလို့ရွာကပြောတယ်။ လူမှုကွန်ရက်ပေါ်တင်လိုက်တဲ့ ကျွဲတစ်ကောင်ပဲ ရွာထဲမှာလာဖြစ်တာ။ ဖြစ်တဲ့ဟာကိုလည်း မမြင်လိုက်ရဘူး မြှုပ်ပြီးမှသိလိုက်ရတာ။ ကျနော်တို့ ရွာကိုရောက်တဲ့အချိန်မှာ ရောဖြစ်နေတာ မရှိပါဘူး။ သေဆုံးသွားတဲ့ ကျွဲရဲ့ လဏ္ခာပြောပြချက်ရယ်၊ တောထဲမှာသေတဲ့ အငယ်လေးတွေရဲ့လဏ္ခာအရ ပေါင်ပုပ်လက်ပုပ်ရောဂါဖြစ်ဖို့များတယ်။”

အလယ်ကျွန်းအုပ်စုအုပ်ချုပ်ရေးမှူး ဦးသန်းလှိုင်က “အခုလက်ရှိကာကွယ်ဆေးတွေ လိုက်လံထိုးပေးနေပါတယ်။ ကိုယ့်ရွာက ကာကွယ်ဆေးမထိုးရသေးတဲ့ ကျွဲတွေ၊ နွားတွေ လိုက်လံစစ်ဆေးဖို့ ရာအိမ်မှူးတွေကို ပြောထားပါတယ်။ သက်ခါးရွာမှာ ကျွဲနှစ်ကောင်ရယ် အလယ်ကျွန်းမှာ တောထဲမှာသေပြီး ပုပ်နေတဲ့နွားနှစ်ကောင်တွေ့တယ်လို့ ကျနော်ကြားပါတယ်။ မနှစ်က ကျနော်တို့ရွာဘက်မှာတော့ ပေါင်ပုပ်လက်ပုပ်ဖြစ်ဖူးပါတယ်။ နှစ်မိုးသုံးမိုးအရွယ်လေးတွေ ဖြစ်တာပါ။ လက်ရှိရောဂဖြစ်နေတာမရှိပါဘူး။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကာကွယ်ဆေး လည်းလိုက်ထိုးနေပါပြီ။ စိုးရိမ်စရာမရှိပါဘူး” လို့ပြောပါတယ်။

မင်းကုန်းရွာ၊ အလယ်ကျွန်းရွာ၊ သက်ခါးကျေးရွာ ၃ ရွာဆုံ စားကျက်မြေမှာ ပေါင်ပုပ်လက်ပုပ်ရောဂါကြောင့် ဧပြီ ၁၉ ရက်က ကျွဲတကောင်သေဆုံးခဲ့ပြီး ယခုအခါ အင်းတော်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနမှကာကွယ်ဆေးမထိုးရသေးတဲ့ ကျွဲနွား တွေကို ကာကွယ်ဆေးထိုးခြင်း၊ လူထုအသိပညာပေးဟောပြောမှုတွေ ပြုလုပ်ခြင်း၊ စခန်းချရောဂါ သတင်းရယူခြင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013