DVB Logo
Home
မြန်မာသတင်း
မသင်္ကာဖွယ် ရွာသား ၂ ဦးကို စစ်ဆေးရာမှ သတ်ထားသည့် ဆင်နှင့် လက်နက်များဖမ်းမိ
DVB
·
April 22, 2018
မသင်္ကာဖွယ် ရွာသား ၂ ဦးကို စစ်ဆေးရာမှ သတ်ထားသည့် ဆင်နှင့် လက်နက်များဖမ်းမိ
1 / 3
Donate to DVB

 

ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့အနီးက သစ်ဖြူကျေးရွာသား ၂ ဦးကို ဧပြီလ ၂၁ ရက်ညနေ ၄ နာရီက မသင်္ကာလို့ ခေါ်ယူစစ်ဆေးရာမှာ သတ်ဖြတ်ထားတဲ့ ဆင်သေတစ်ကောင်နဲ့ လက်နက်အချို့ ဖမ်းဆီးမိခဲ့တယ်လို့ ငွေဆောင်နယ်မြေစခန်းက သိရပါတယ်။

ကြပ်တင်ထားတဲ့ ဆင်သားရေ၊ ဆင်အသားတုံးတွေနဲ့ ဆင်သတ်ရာမှာအသုံးပြုတဲ့ တူမီးသေနတ် ၁ လက် ဒူးလေး မြား၊ အဆိပ် ဓား ပုဆိန်တွေကို ဖမ်းဆီးရမိခဲ့တာပါ။

ဆင်သေတစ်ကောင်တွေ့တယ်လို့ ဒေသခံတွေရဲ့ သတင်းပေးချက်အရ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေ ငွေဆောင်နယ်မြေစခန်းက ရဲတပ်ဖွဲဝင်တွေ သစ်တောရဲတပ်ဖွဲ့ဝင်တွေ အရေးပေါ်ကွန်ဂျီဆင်အဖွဲ့တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ သစ်ဖြူကျေးရွာသား ငဒူး(ခ)ချစ်မင်းနိုင်နဲ့ ကိုထွေး(ခ)သောင်းအေး တို့ကိုခေါ်ယူစစ်ဆေးရာမှာ ချောင်းသာသစ်တောကြိုးဝိုင်းထဲမှာ သူတို့ဖွက်ထားတဲ့ ဆင်သေနဲ့အတူ သက်သေခံပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တာလို့ အရေးပေါ်ကွန်ဂျီဆင်အဖွဲ့ခေါင်းဆောင် ပုသိမ် သစ်ထုတ်လုပ်ရေးဒေသ ဒုတိယ တိရစ္ဆာန် ဆေးကုမှူး ဒေါက်တာလင်းလင်းထွန်းက ပြောပါတယ်။

ငွေဆောင်နယ်မြေစခန်းမှူး ရဲအုပ်ဇော်မျိုးလှိုင်က “သစ်ဖြူရွာမှာနေတဲ့သူတွေ သူတို့ကို မသင်္ကာလို့ သွားဖမ်းတာ အဲ့ဒါတောထဲမှာဆင်သေနေတဲ့ နေရာရယ် ဖွက်ထားတဲ့ ပစ္စည်းတွေကို လိုက်ပြတာ နောက်ထပ်သူတို့အဖွဲ့က နှစ်ယောက်ကျန်သေးတယ်။ ဒီနှစ်ယောက်ကို ဖမ်းမှန်း သိတော့ ထွက်ပြေးနေတာ။ အခုနှစ်ယောက်ကိုတော့ ငွေဆောင်စခန်းမှာ ဖမ်းထားတယ်။ တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးဥပဒေနဲ့ အမှုဖွင့်သွားမှာပါ”လို့ ပြောပါတယ်။

သစ်ဖြူရွာသား ၂ ဦးကို ဖမ်းဆီးစစ်ဆေးချက်အရ သူတို့ကို ချောင်းသာသစ်တော ကြိုးဝိုင်းထဲက ဆင်သားရေတွေ သယ်ဆောင်ဖို့ ငှားရမ်းခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့ကြပြီး နောက်ဆက်တွဲတရားခံတွေကို အမြန်ဆုံး ဆက်လက်ဖမ်းဆီးဖော်ထုတ်နိုင်ဖို့ စီစဉ်ဆောင်ရွက် နေတယ်လို့ ငွေဆောင်မြို့မ ရဲစခန်းကနေ သိရပါတယ်။

သစ်တောဦးစီးဌာန လက်အောက်က အရေးပေါ် ကွန်ဂျီဆင်အဖွဲ့ဟာ တောဆင်တွေ အသတ်မခံရရေး၊ ဆင်မုဆိုးတွေရဲ့အသင်း သိရဖို့ ဆင် ၉ ကောင်နဲ့ တောထဲ ကင်းလှည့်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013