DVB Logo
Home
မြန်မာသတင်း
ပင်လည်ဘူးတွင် ယာဉ်နှစ်စီးချောက်ထဲထိုးကျ၊ ၄ ဦးသေဆုံး ၁၈ ဦး ဒဏ်ရာရ
DVB
·
April 22, 2018
ပင်လည်ဘူးတွင် ယာဉ်နှစ်စီးချောက်ထဲထိုးကျ၊ ၄ ဦးသေဆုံး ၁၈ ဦး ဒဏ်ရာရ
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့နယ် ပင်လည်ဘူး-ဖောင်းပြင် ကားလမ်း၊ ဝါးဘိုးချောင်းကျေးရွာအနီးမှာ မနေ့ညနေက ယာဉ် ၂ စီး ချောက်ထဲ ထိုးကျခဲ့တဲ့အတွက် လူ ၄ ယောက် သေဆုံး ၁၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပင်လည်ဘူးမြို့မရဲစခန်းမှ ဒုရဲအုပ်ဖြိုးဝေလင်းက ပြောပါတယ်။

ဧပြီ ၂၁ ရက် ညနေ ၃ နာရီလောက်က ယာဉ်မောင်း ဟန်ထွန်း မောင်းနှင်ပြီး ပင်ကွန်ကျေးရွာသူ ၁၀ ဦးလိုက်ပါလာတဲ့ ထော်လာဂျီယာဉ်က ယာဉ်မောင်း စိန်မြင့်အောင် မောင်းနှင်ပြီး ပင်ကွန်ကျေးရွာသူ ၁၀ ဦးလိုက် ပါလာတဲ့ ထော်လာဂျီယာဉ်ကို ဝါးဘိုးချောင်း ကျေးရွာ အနောက်ဘက် တောင်အဆင်းမှာ အရှိန်မထိန်းနိုင်ပဲ ၀င်တိုက်မိခဲ့တာကြောင့် နှစ်စီးလုံးချောက်ထဲ ထိုးကျခဲ့တာလို့ ဆိုပါတယ်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာနေရာကို ပင်လည်ဘူး မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်တွေက မီးငြှိမ်းသတ်ယာဉ် ၁ စီးနဲ့ အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် ဒေါ်အုန်းစိန်၊ ဒေါ်သောင်းမေ၊ ဦးစံအံ့၊ ဒေါ်လှညို ဒေါ်စိုင်းမေ တို့ ၄ ဦးမှာ အခင်းဖြစ်ပွားတဲ့ နေရာမှာပင် သေဆုံးခဲ့ပြီး ကျန်အမျိုးသမီး ၁၆ ဦးအနက် ၃ ဦးမှာ စိုးရိမ်ဒဏ်ရာ အသီးသီးရရှိပြီး ပင်လည်ဘူးမြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။

ပင်လည်ဘူးမြို့မရဲစခန်းမှ ယာဉ်မဆင်မခြင်မောင်းနှင်သူ ဟန်ထွန်းကို ယာဉ်(ပ)၈/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/၃၀၄-က အရ အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013