DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာတွင် ကျောင်းသား ၂ ဦးထံမှ စိတ်ကြွဆေးပြားများ ဖမ်းမိ
DVB
·
April 22, 2018
မိတ္ထီလာတွင် ကျောင်းသား ၂ ဦးထံမှ စိတ်ကြွဆေးပြားများ ဖမ်းမိ
1 / 2
Donate to DVB


မိတ္ထီလာမြို့ ပြည်သာယာတောင်ပိုင်း ၆လမ်း နဲ့ ပိတောက်ရွှေဝါလမ်းထောင့်မှာ ဧပြီ ၂၁ ရက်က ကျောင်းသား၂ ဦးဆီကနေ စိတ်ကြွဆေးပြားတွေ ဖမ်းမိခဲ့တယ်လို့ မိတ္ထီလာအမှတ် ၃ ရဲစခန်းက ပြောပါတယ်။

လှည့်ကင်းတာဝန်ထမ်းဆောင်စဉ် ဆိုင်ကယ်စီးလာသူ ၂ ဦးကို မသင်္ကာတဲ့အတွက် မေးမြန်းရာ ၁ ဦး ထွက်ပြေးသွားပါတယ်။

မိတ္ထီလာမြို့နယ် ဇောင်ချမ်းကုန်းရွာနေ အဝေးသင် တက္ကသိုလ် ဒုတိယနှစ်ကျောင်းသား သူရိန်ထွန်း စီးလာတဲ့ ဆိုင်ကယ် ညာဘက်လက်ကိုင်မှာ ချိတ်ထားတဲ့ အိတ်ထဲက စိတ်ကြွဆေးပြား ၂၄၇၀ ကို တွေ့ရှိ ဖမ်းဆီးမိတာပါ။

မိတ္ထီလာ အမှတ်(၃)ရဲစခန်းဒုရဲအုပ်သိပ္ပက “Mi note 5A ဖုန်းထည့်တဲ့ အနီရောင်ဘူးထဲက စိတ်ကြွဆေးပြား တထုပ်ကို အပြား ၂၀၀ ပါ ၁၂ထုပ် ဆေးပြားပေါင်း ၂၄၀၀ နဲ့ ပလတ်စတစ်နဲ့ ထုပ်ထားတဲ့ ဆေးပြား ၁၀ပြားပါ ၇ထုပ် ဆေးပြား၇၀ စုစုပေါင်း စိတ်ကြွဆေးပြား ၂၄၇၀ တန်ဖိုး ၄၉သိန်း ၄သောင်း လို့ ခန့်မှန်းတယ်။ ကွင်းဆက်တရားခံ စုံစမ်းနေပါတယ်။ ဆိုင်ကယ်ပေါ်က ထွက်ပြေးသွားတဲ့ ဇောင်ချမ်းကုန်းရွာနေ အောင်ခန့်ကို ကိုလည်း စုံစမ်းရှာဖွေနေပါတယ်"လို့ ပြောပါတယ်။

စစ်ဆေးမေးမြန်းချက်အရ ဧပြီ ၁၉ ရက်နေ့က သီပေါမြို့အထွက်မှာ အမျိုးသားတဦးဆီကနေ တပြားကို ငွေကျပ် ၁၁၀၀ နှုန်းနဲ့ စုစုပေါင်း ငွေကျပ် ၂၇ သိန်းကျော်ဖိုး ၀ယ်ယူခဲ့ကြောင်း သိရပါတယ်။
မိတ္ထီလာအမှတ်(၃)ရဲစခန်းမှာ သူရိန်ထွန်းနဲ့ အောင်ခန့်ကို တို့ ၂ ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဥပဒေ သယ်ဆောင်ရောင်းချမှု၊ ထုတ်လုပ်ဖြန့်ဖြူးမှု၊ အားပေးကူညီမှု ပုဒ်မ ၁၉-က/၂၀-က/၂၁ တို့ဖြင့် အမှုဖွင့်ထားပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013