DVB Logo
Home
မြန်မာသတင်း
မြန်မာ-ဗီယက်နမ် ကုန်သွယ်မှု ဒေါ်လာ သန်း ၁၀၀၀ ကျော်သည်အထိ တိုးမြှင့်ရန် သဘောတူ
DVB
·
April 22, 2018
မြန်မာ-ဗီယက်နမ် ကုန်သွယ်မှု ဒေါ်လာ သန်း ၁၀၀၀ ကျော်သည်အထိ တိုးမြှင့်ရန် သဘောတူ
Donate to DVB

မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ကုန်သွယ်မှုကို လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ အမေရိကန် ဒေါ်လာ သန်း ၁၀၀၀ ပြည့်မီကျော်လွန်အောင် တိုးမြှင့်သွားဖို့ နှစ်ဖက်ခေါင်းဆောင်တွေ သဘောတူခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့အကြောင်း ပြန်ကြားရေးက ဖော်ပြထားပါတယ်။

ဧပြီ ၁၉ နဲ့ ၂၀ ရက်တွေမှာ ဗီယက်နမ်ကို သွားရောက်ခဲ့တဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ခရီးစဉ်အတွင်း သဘောတူခဲ့တာ ဖြစ်ပါတယ်။

၂ဝ၁၇ ခုနှစ်နှောင်းပိုင်းက စလို့ နှစ်နိုင်ငံဆက်ဆံရေးကို ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံရေးအဆင့်ကို တိုးမြှင့်ခဲ့တာဖြစ်ပြီး ဆက်ပြီးတော့ နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ သစ်တောနဲ့ သားငါးကဏ္ဍ၊ ပို့ဆောင်ရေး၊ စွမ်းအင်နဲ့ ဆက်သွယ်ရေး၊ ကာကွယ်ရေး၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှု၊ လူမှုရေးနဲ့ ပညာရေး ပူးပေါင်း ဆောင်ရွက်မှုအပါအဝင် ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်နေတာတွေကို တိုးမြှင့်ဆောင်ရွက်သွားဖို့ နှစ်ဖက်လုံးက ထပ်လောင်းအတည်ပြုခဲ့ကြတယ်လို့ နိုင်ငံခြားရေးက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံနဲ့ ဗီယက်နမ် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏဟာ ၂ဝ၁၇ ခုနှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၈၃ဝ ကို ရောက်ခဲ့ပြီး ၂၀၁၆ ခုနှစ်ထက် ထက်ဝက်ကျော်တိုးလာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံသူတွေထဲမှာ ဗီယက်နမ်ဟာ သတ္တမအဆင့် အများဆုံးရင်းနှီးမြှုပ်နှံသူဖြစ်ပြီး မြန်မာနိုင်ငံရဲ့ နဝမအဆင့် အကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံလည်း ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်မှုတွေကို ဆက်လက်ပံ့ပိုးပေးသွားမယ်လို့လည်း ဆိုပါတယ်။

ပြီးတော့ အာဆီယံ၊ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၊ ကုလသမဂ္ဂ စတဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားဖို့လည်း နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဗီယက်နမ် ဝန်ကြီးချုပ်တို့ သဘောတူခဲ့ကြပါတယ်။

အစိုးရ၊ လွှတ်တော်နဲ့ ပါတီတွေအကြား ဆက်ဆံရေး၊ ပြည်သူတွေအကြား အထူးသဖြင့် လူငယ်တွေ အကြား အပြန်အလှန် လေ့လာရေးခရီးစဉ်တွေ စေလွှတ်ထိတွေ့ရေးနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013