
၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် အခြေခံပညာအဆင့်မှာ ပထမတန်းမှ နဝမတန်းအထိ တက်ရောက်သင်ကြားခဲ့တဲ့ ကျောင်းသားကျောင်းသူတွေရဲ့ စာမေးပွဲအောင်စာရင်းတွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
အခုနှစ် ထုတ်ပြန်လိုက်တဲ့ စာမေးပွဲအောင်စာရင်းမှာ ကျောင်းသား ကျောင်းသူတွေရဲ့ နာမည်နဲ့ဖခင် နာမည်သာပါရှိပြီး အောင်မြင်မှုအဆင့်သတ်မှတ်ချက် (A,B,C,D) တွေ ဖော်ပြမပါရှိတဲ့အတွက် ကျောင်းသားမိဘတွေနဲ့ ကျောင်းသားတွေကြားမှာ ဝေဖန်မှုတွေ ရှိနေပါတယ်။
ကျောင်းသားတော်တော်များက သူတို့ရဲ့ စာမေးပွဲဖြေဆိုအောင်မြင်မှု အဆင့်ကို သိချင်သလို မိဘတွေကလည်း မိမိကလေးရဲ့ အဆင့်အနေအထားတွေကိုသိမှ သေချာပျိုးထောင်နိုင်မယ်လို့ ပြောဆိုနေကြပါတယ်။










