DVB Logo
Home
မြန်မာသတင်း
ပြောက်ကျားအင်္ကျီဝတ် အမျိုးသားတဦးအလောင်းကို သေနတ်တလက်နှင့်အတူ တွေ့ရှိ
DVB
·
April 22, 2018
ပြောက်ကျားအင်္ကျီဝတ် အမျိုးသားတဦးအလောင်းကို သေနတ်တလက်နှင့်အတူ တွေ့ရှိ
Donate to DVB

 

လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်ကြားမှာ ပြောက်ကျားအင်္ကျီနဲ့ အစိမ်းရောင်ဘောင်းဘီ ၀တ်ဆင်ထားတဲ့ အမျိုးသားအလောင်း ၁ လောင်း တွေရှိတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်ကြား ပန်ကန်းကျေးရွာအနီး လှည်းလမ်းပေါ်မှာ ဧပြီလ ၂၀ ရက်နေ့ ညနေ ၅ နာရီခွဲလောက်က လူ ၁ ဦးသေဆုံးနေကြောင်း သတင်းအရ လွိုင်ကော်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးရာမှာ အသက် ၃၅ နှစ်အရွယ် အမည်မသိအမျိုးသား ၁ ဦးရဲ့ အလောင်းအား ပြောက်ကျားအင်္ကျီ၊ အစိမ်းရောင်ဘောင်ဘီရှည်ဝတ်ပြီး ထိုင်လျက်အနေအထားနဲ့ ပုပ်ပွသေဆုံးနေတာကို တွေ့ရပါတယ်။

သေဆုံးသူရဲ့ ဘေးမှာ လုပ်သေနတ် ၁ လက်၊ ၅.၅၆ ကျည် ၁ တောင့်၊ ကျည်ခွံ ၆ တောင့်၊ ဓားမြှောင် ၁ လက်၊ ဓာတ်မီး ၁ လက်၊ မီးခြစ် ၃ လုံး၊ ဦးထုပ် ၁ လုံး၊ သော့တွဲ ၂ တွဲနဲ့ ငွေစက္ကူ ၇,၆၀၀ ကျပ်တို့ကိုလည်း တွေ့ရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အလောင်းကို လွိုင်ကော် ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပြီး လွိုင်ကော်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၅/၂၀၁၈) ရေးဖွင့် စစ်ဆေးနေကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013