DVB Logo
Home
မြန်မာသတင်း
ဖြူးမြို့ အနောက်တောင်ဘက်တွင် အင်အား ၅.၁ အဆင့်ရှိ ငလျပ်လှုပ်ခတ်
DVB
·
April 22, 2018
ဖြူးမြို့ အနောက်တောင်ဘက်တွင် အင်အား ၅.၁ အဆင့်ရှိ ငလျပ်လှုပ်ခတ်
Donate to DVB

ဖြူးမြို့ အနောက်တောင်ဘက်ကို ဗဟိုပြုပြီး အင်အားအသင့်အတင့်ရှိ ငလျင်တခု လှုပ်ခတ်သွားကြောင်း မိုးဇလက သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့မနက်အစောပိုင်း (၀၅) နာရီ (၁၁) မိနစ် (၁၂)စက္ကန့် အချိန်က ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်ဘက် (၉၉) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဖြူးမြို့၏ အနောက်တောင်ဘက် (၂၉) မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် ၁၈.၃၀ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၀၃ ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။

ဧပြီ ၂၁ ရက်နေ့မနက်အစောပိုင်း ၅ နာရီလောက်ကလည်း ဖြူးမြို့အနောက်တောင်ဘက် ၂၅ မိုင်အကွာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၅.၂) အဆင့်ရှိ  ငလျင်လှုပ်ခတ်ခဲ့ပါတယ်။

အခုနှစ် ဇန်န၀ါရီကနေ ဒီနေ့အထိ ပြည်တွင်းမှာ ငလျင်အကြိမ် ၇၀ လှုပ်ခဲ့ပြီး ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့ တနှစ်လုံးလှုပ်ခဲ့တဲ့ အကြိမ်အရေအတွက်နဲ့ တူညီနေတယ်လို့ မိုးဇလဌာနက ဧပြီ ၂၀ ရက်နေ့မှာ ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013