DVB Logo
Home
မြန်မာသတင်း
ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၄ နှစ်ပြည့်အထိမ်းအမှတ် စတုဒီသာကျွေးမွေး
DVB
·
April 21, 2018
ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၄ နှစ်ပြည့်အထိမ်းအမှတ် စတုဒီသာကျွေးမွေး
Donate to DVB

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့တဲ့ သတင်းစာဆရာ စာရေးဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း လေးနှစ်ပြည့် အောက်မေ့ဖွယ် အထိမ်းအမှတ်အနေနဲ့ ဧပြီ ၂၁ ရက်နေညနေပိုင်းက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ စတုဒီသာကျွေးမွေးခဲ့ပါတယ်။

ဒီအခမ်းအနားကို နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေနဲ့ ဦးဝင်းတင်ကို ချစ်မြတ်နိုးသူတွေက စုပေါင်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။

စတုဒီသာကတော့ မုန့်ဟင်းခါး နဲ့ ဖာလူဒါ ကျွေးမွေးနေတာပါ။ ဒါ့အပြင် ဆရာကြီးရဲ့အမှတ်တရ စကားတွေနဲ့ သူ့ရဲ့မှတ်တမ်းဆောင်ရွက်ချက်တွေကိုပါ အများပြည်သူကို ပြသထားပါတယ်။

သူဟာ ၁၉၆၉ ခုနှစ်မှာ မန္တလေး ဟံသာဝတီသတင်းစာမှာ အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇၈ ခုနှစ်မှာတော့ ဟံသာဝတီသတင်းစာ ပိတ်သိမ်းခံခဲ့ရသလို ရာထူးလည်း ချခံခဲ့ရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဟံသာဝတီ ဦးဝင်းတင်ဟာ ၁၉၈၉ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ အင်းစိန်ထောင်မှာ နှစ်ပေါင်း ၂၀ နီးပါး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

ဟံသာဝတီ ဦးဝင်းတင်ဟာ ၂၀၁၄ ခုနှစ် ဧပြီ ၂၁ ရက်နေ့က ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်အနိစ္စရောက်ခဲ့ပါတယ်။

သူ့ရဲ့ ယုံကြည်ချက်နဲ့ စွမ်းဆောင်ရည်တွေကြောင့် ကမ္ဘာ့အဖွဲ့အစည်းအသီးသီးက ပေးအပ်တဲ့ ဆုတံဆိပ်တွေရရှိခဲ့သလို နယ်စည်းမခြားသတင်းထောက်အဖွဲ့က ပေးအပ်ခဲ့တဲ့ Journalist Prize ဆုနဲ့ ကိုးရီးယားနိုင်ငံကနေ လူ့အခွင့်အရေးဆုတွေ၊ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆုတွေကို ရရှိခဲ့သူပါ။

ဒါ့အပြင် ပြင်သစ်နိုင်ငံက လမ်းတလမ်းကို “၀င်းတင်” လမ်းလို့ ဂုဏ်ပြုသတ်မှတ်ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာဆရာ စာရေးဆရာကြီး ဟံသာဝတီဦးဝင်းတင်ဟာ မကွယ်လွန်ချိန်ထိ စာအုပ်ပေါင်း ၁၈ အုပ် ရေးသားထုတ်ဝေခဲ့ပါတယ်။

ဆရာကြီး ဦးဝင်းတင်ကို ၁၉၃၀ ပြည့်နှစ် မတ် ၁၂ ရက်နေ့က ကြို့ပင်ကောက်မြို့မှာ အဘ ဦးပု၊ အမိ ဒေါ်မာတို့က မွေးဖွားခဲ့ပြီး ၁၉၅၄ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်မှ ဘီအေ (၀ိဇ္ဇာဘွဲ့) ရရှိခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာတော့ သူဟာ အသက် ၈၅ နှစ်ရှိနေခဲ့ပါပြီ။

သတင်း + ဓာတ်ပုံ ပြည့်ဘုန်းအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013