ICC နှင့် မြန်မာပြည်သို့ ဦးတည်လာနိုင်မည့် မြားနှစ်စင်း
DVB
·
April 21, 2018
International Criminal Court (ICC) မှ ဆွဲချရှေ့နေ Fatou Bensouda က မြန်မာ-ဘင်္ဂလားဒေရှ် နယ်စပ်ရောက် ရိုဟင်ဂျာဒုက္ခသည်များ အရေးနှင့်ပက်သက်၍ အရေးပေါ်စုံစမ်း စွဲချက်တင်နိုင်ရန် (09-April-2018) ရက်နေ့က တင်သွင်းလိုက်ခြင်းနှင့် မြန်မာအစိုးရမှ ပြန်လည်တုံ့ပြန်ချက်ကို လေ့လာချက်အရ နှစ် (၇၀) အရင်က နိုင်ငံတကာ စာမျက်နှာမှာ ရင်ကော့ခေါင်းမော့ခဲ့ရတဲ့ မြန်မာပြည်အနေနဲ့ ဒီကနေ့ နှာခေါင်းဖော် အသက်လုရှူနေရတဲ့ အခြေအနေကို မြင်တွေ့ရသည်မှာ လွန်စွာစိတ်မကောင်းဖြစ်ရသည်။
Fatou Bensouda လျှောက်ထားချက်။
၁) ICC အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းသို့ ထွက်ပြေးလာသော ဒုက္ခသည်များသည်
၂) မြန်မာဘက်မှ အတင်းအဓမ္မနှင်ထုတ်ခံရခြင်းဖြစ်သဖြင့်(Rome Statue Article 7-1-d : Deportation of forcible transfer of population) ကို အခြေခံပြီး မြန်မာနိုင်ငံအား စွဲချက်တင်ရေးဟု ပါရှိသည်။ မြန်မာအစိုးရဘက်မှလည်း (ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်သည့်အတွက် မြန်မာနိုင်ငံအပေါ် တရားစွဲခွင့်မရှိကြောင်း၊ နေရပ်စွန့်ခွာသွားသော ရခိုင်ပြည်ဒေသခံ မွတ်ဆလင်များအား စိစစ်ပြီး ပြန်လည်လက်ခံနိုင်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း) ပြန်လည်ချေပချက်များကို တွေ့ရှိရသည်။
ပထမမြားတစ်စင်း
အရပ်စကားနှင့်ဆိုရလျှင် ICC ဆိုသည့်ရပ်ကွက်တွင် ဘင်္ဂလားဒေ့ရှ် ပါရှိပြီး အိမ်နီးချင်းဖြစ်သော မြန်မာ မပါရှိပေ။ Fatou Bensouda ရဲ့လျှောက်ထားချက်သည် အောက်ပါအချက် ၂ ချက် တို့ကို အခြေခံသည်။
၁) အဖွဲ့ဝင်နိုင်ငံ) "…the most serious crimes committed in their territories or by their nationals…" (Understanding ICC-page-6)
၂) နှင်ထုတ်ခြင်း "Article 7: Crime against Humanity… Deportation of forcible transfer of population" (Rome Statue Article 7-1-d)
ဤနေရာတွင် ဘင်္ဂလားဒေ့ရှ်သည် အဖွဲ့ဝင်နိုင်ငံအဖြစ် မှန်ကန်သော်လည်း မိမိတို့နိုင်ငံအတွင်းမှ လူအုပ်ကြီးအား အတင်းအဓမ္မ နှင်ထုတ်ခဲ့ခြင်း ရှိမရှိ ဆိုသည့် အသွင်သက်ရောက်နေသည်။ ထိုအဓိပ္ပာယ်ဖွင့်ဆိုချက်မျိုး သက်ရောက်နေသည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှ သူ့နိုင်ငံသားများအား အတင်းနှင်ထုတ်ခြင်းမျိုး ရှိသည်မဟုတ်ပဲ မြန်မာဘက်မှ ဒုက္ခသည်များကို ခိုလှုံခွင့် ပေးထားရသည့် အခြေအနေသာ ဖြစ်သည့်အတွက် ထိုလျှောက်ထားချက်ကို ICC ၏ လုပ်ပိုင်ခွင့်အာဏာအရ စိစစ်စုံစမ်းခွင့် ရှိမရှိ ခုံရုံးမှ ဆုံးဖြတ်မည်။
အကယ်၍ ICC ခုံရုံးမှ စုံစမ်းမည်ဟု ဆုံးဖြတ်ပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းကိုသာ စုံစမ်းစစ်ဆေးနိုင်သည်။ စုံစမ်းချက်အရ ထွက်ပြေး ဒုက္ခသည်များသည် အိမ်နီးချင်းမြန်မာဘက်မှဟု အတည်ပြုပြီး Article 7-1-d နှင့် အကျုံးဝင်ပါက ICC အဖွဲ့ဝင်နိုင်ငံမဟုတ်သည့် မြန်မာနိုင်ငံအပေါ် တရားဆွဲခွင့် ရရှိရေး မြန်မာအစိုးရ၏ ခွင့်ပြုချက်ကို တောင်းခံရမည်။
"..a State not party to the Statute may decide to accept the jurisdiction of the ICC." (Understanding ICC-page-4)
အထက်ဖော်ပြပါ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ICC မှ စွဲချက်တင်နိုင်ချေမရှိဟု ဆိုနိုင်သော်လည်း လက်ရှိ နိုင်ငံတကာ ဖိအားများကြောင့် အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းကို စုံစမ်းခြင်း၊ အချက်အလက်များ စုဆောင်းခြင်းမျိုး ပြုလုပ်ပြီး ထိုအထောက်အထားများအား UN Security Council သို့ တင်ပြစွဲချက်တင်နိုင်ရေး ခွင့်ပြုချက်တောင်းခံနိုင်သည့် မြားတစ်စင်း ဖြစ်လာနိုင်သည်။
ဒုတိယမြားတစ်စင်း
UN Security Council (UNSC) တွင် မြန်မာ့အရေး ICC ကို လွှဲပြောင်းပေးဖို့ ဆွေးနွေးကြပြီဆိုပါစို့။ အတည်ပြုခွင့်ကို VETO အာဏာဖြင့်ပယ်ချမည့် ရုရှားနှင့် တရုတ် တို့က အသင့်ကြိုဆိုလျက်။ ယခင့်ယခင်လည်း UNSC မှာ မြန်မာ့အရေးဆွေးနွေး ဆုံးဖြတ်တိုင်း ကျေးဇူးရှင် ရုရှားနှင့် တရုတ် တို့မှ VETO သုံးခဲ့ကြသည်။ မြန်မာပြည်အပေါ် International Sanctions နှင့် ပြည်တွင်းမငြိမ်သတ်မှုကြောင့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်များ ရှောင်ရှားနေခဲ့ချိန် VETO ပါဝါ သုံးကာကွယ်ပေးနေသော တရုတ်၏ စီးပွားရေးများစွာ မြန်မာပြည်တွင်း ပိုမိုကျယ်ပြန့်စေခဲ့သည်မှာမလွဲ။
ဥပမာ- မြစ်ဆုံရေကာတာ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ ကျောက်ဖြူ-ကူမင်း ရေနံ-ဂက်စ် တင်ပို့မှုဆိုင်ရာ၊ ရခိုင်ကမ်းလွန် ရေနက်ဆိပ်ကမ်းလုပ်ပိုင်ခွင့်၊ လယ်ယာမြေများ၊ သစ်-ကျောက်-တောင်-မြေကြီး-အဖိုးတန် သယံဇာတများ- Live stocks များ မြန်မာပြည်မှ တရုတ်သို့ အဆက်မပြတ် တင်ပို့လျက်ရှိခြင်းတို့ဖြစ်သည်။ မြန်မာပြည်သို့ ငွေများ လှိမ့်ဝင်လာသည်ဟု ယေဘူယျအားဖြင့် မြင်နိုင်ပေမယ့် ဆိုးကျိုးကတော့မနည်း။
ဆိုးကျိုး
- မြန်မာ့အမျိုးကောင်းသားသမီးများ လူကုန်ကူးခံနေရမှု၊