DVB Logo
Home
မြန်မာသတင်း
သမ္မတဦးသိန်းစိန် ဇူလိုင်လထဲ ထိုင်းကို သွားရောက်ရန်ရှိ
DVB
·
June 12, 2012
သမ္မတဦးသိန်းစိန် ဇူလိုင်လထဲ ထိုင်းကို သွားရောက်ရန်ရှိ
Donate to DVB

သမ္မတ ဦးသိန်းစိန် ဇူလိုင်လထဲမှာ ထိုင်းနိုင်ငံကို သွားရောက်ဖို့ ရှိတယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဆိုပါတယ်။

သမ္မတဦးသိန်းစိန်ဟာ ဇူလိုင်လလယ်ပိုင်း ကမ္ဘောဒီယားနိုင်ငံ ဖနွမ်းပင်မှာ ကျင်းပမယ့် အာဆီယံနဲ့ မဟာမိတ် ၃ နိုင်ငံတို့ ရဲ့ (Asean+3) အစည်းအဝေး အပြီးမှာ ထိုင်းကိုလာနိုင်ခြေရှိတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဟာ သောကြာနေ့ က မြန်မာနိုင်ငံ နေပြည်တော်ကို ၁ ရက်ကြာ သွားရောက် ခဲ့ပြီး၊ မြန်မာ နိုင်ငံခြားရေးဝန်ကြီးကလည်း သမ္မတ ဦးသိန်းစိန် ထိုင်းကိုလာဖို့ ရှိတဲ့ အကြောင်း သူ့ကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လက သမ္မတ ဦးသိန်းစိန်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ် ပျက်သွားတဲ့အပေါ် မှာ ဒေါ်အောင်ဆန်းစုကြည် ကို ထိုင်းက ဖိတ်ကြားခဲ့တာကို မကျေနပ်လို့ ဖြစ်တယ်ဆိုတဲ့ သုံးသပ်မှုတွေဖြစ်နေပေမယ့် မြန်မာ အစိုးရကတော့ ပြည်တွင်းမှာ ဆန္ဒပြမှုတွေကြောင့် ခရီးစဉ် ဖျက်ရတဲ့ အကြောင်း ဖြေရှင်းချက် ထုတ်ထားပါတယ်။

ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ကလည်း မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ စီစဉ်ထားတဲ့ ထိုင်းခရီးစဉ် ပျက်သွားပေမယ့် ထိုင်းနဲ့ မြန်မာဆက်ဆံရေး ကောင်းမွန်နေတယ်လို့ ပြောတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013