DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းမကြီးတွင် ယာဉ်တိမ်းမှောက်မှုကြောင့် သံဃာ ၂ ပါး ပျံလွန်၊ ၇ ဦး ဒဏ်ရာရ
DVB
·
April 21, 2018
အမြန်လမ်းမကြီးတွင် ယာဉ်တိမ်းမှောက်မှုကြောင့် သံဃာ ၂ ပါး ပျံလွန်၊ ၇ ဦး ဒဏ်ရာရ
Donate to DVB

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၁၀၃ အနီးမှာ ယာဉ်တိမ်းမှောက်မှုကြောင့် သံဃာ ၂ ပါး ပျံလွန်တော်မူခဲ့ပြီး လူ ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၀၃ အနီးမှာ ဒီနေ့မနက် ၅ နာရီခွဲလောက်က ထန်းတပင်မြို့နယ်၊ သီတာအေးရွာ ဓမ္မပါလကျောင်းတိုက်က ဥူးအိန္ဒာဓုဓ မောင်းနှင်ပြီး အခြားသံဃာတော်တပါးအပါဝင် အမျိုးသမီး ၇ ဦးတို့ လိုက်ပါလာတဲ့ HILUXTOYOTA ယာဉ်ဟာ ရှေ့ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာလို့ မြို့ချောင်းအမြန်လမ်းမကြီး ရဲတပ်ဖွဲစခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

"ကားက ရန်ကုန်ဘက်ကလာတာပါ။ ရှေ့ဘီးပေါက်ပြီးမှောက်တာ၊ သံဃာ၂ ပါးနဲ့ အမျိုးသမီး ၇ ဦး ပါပါတယ်။ သံဃာနှစ်ပါးကတော့ အခင်းဖြစ်နေမှာပဲ ပျံလွန်တော်မူသွားတယ်။"

ဒဏ်ရာရရှိသူတွေကို မြို့ချောင်းဆေးရုံနဲ့ ပဲခူးပြည်သူ့ဆေးရုံတွေကို ပိုဆောင်ကုသထားတယ်လို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး လူထိခိုက်ဒဏ်ရာရရှိ သေဆုံးမှု ဖြစ်ပွားအောင် ယာဉ်အား မဆင်မခြင် မောင်းနှင်သူယာဉ်မောင်းသူကို မြို့ချောင်းအမြန်လမ်းမကြီရဲတပ်ဖွဲ့စခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013