DVB Logo
Home
စီးပွားရေး
အလုပ်သမား​အ​ရေး​ ​ဆွေး​နွေး
DVB
·
June 12, 2012
Donate to DVB

အလုပ်သမား​သမဂ္ဂ​တွေ ဖွဲ့​စည်း​ရေး​အပါအဝင် အလုပ်သမား​တွေရဲ့​ အခက်အခဲနဲ့​ပတ်သက်တဲ့​ ကိစ္စရပ်​တွေနဲ့​ပတ်သက်ပြီး​ အလုပ်ရုံ​ဆွေး​နွေး​ပွဲတခု ဒီ​နေ့​ ပြုလုပ်ခဲ့​ပါတယ်။

လှိုင်သာယာစက်မှုဇုန် က​နောင်ခန်း​မမှာ အလုပ်သမား​ဝန်ကြီး​ဌာနက ညွှန်ချုပ် ဦး​မျိုး​အောင်အပါအဝင် အရာရှိ​တွေ၊​ အလုပ်သမား​ကိုယ်စား​လှယ်၊​ အလုပ်သမား​အ​ရေး​ ​ဆောင်ရွက်သူ​တွေနဲ့​ အလုပ်ရှင်​တွေ တက်​ရောက်​ဆွေး​ခဲ့​ကြတာပါ။

ဆွေး​နွေး​ပွဲ တက်​ရောက်ခဲ့​တဲ့​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​များ​အဖွဲ့​က ကိုချစ်ကို​လေး​ကို ​မေး​မြန်း​ထား​ပါတယ်။

“အလုပ်ရုံ​ဆွေး​နွေး​ပွဲမှာ အဓိက​တော့​ အလုပ်သမား​ သမဂ္ဂ​တွေ၊​ ဖွဲ့​ဖို့​ကိစ္စကို အလုပ်သမား​ ဝန်ကြီး​ဌာနက ဦး​မျိုး​အောင်တို့​၊​ ဦး​ဝင်း​ရှိန်တို့​ သူတို့​က ရှင်း​ပြတယ်။ ရှင်း​ပြပြီး​တော့​ အလုပ်ရုံထဲမှာ အလုပ်သမား​တွေ အခက်အခဲ​ပေါ့​၊​ လုပ်ငန်း​ခွင်ထဲမှာ သက်သာ​ချောင်ချိမှုရှိ​ရေး​၊​ လုပ်ငန်း​ခွင်ထဲမှာ ဆက်ဆံ​ရေး​ အဆင်မ​ပြေတဲ့​ကိစ္စ​တွေ၊​ အဲဒါနဲ့​ပတ်သက်ပြီး​တော့​ ဦး​ဝင်း​ရှိန်က​နေ စက်ရုံပိုင်ရှင်​တွေ၊​ အလုပ်ရုံပိုင်ရှင်၊​ လုပ်ငန်း​ရှင်​တွေကို သတိ​ပေး​တယ်။”

အခုလက်ရှိ ဆန္ဒပြ​နေတဲ့​ အလုပ်သမား​တွေရဲ့​ ပြဿနာက ဘယ်လိုအ​ခြေအ​နေ ​ရောက်သွား​ပြီလဲ။

“အခုလက်ရှိအ​ခြေအ​နေက​တော့​ အထည်ချုပ်အများ​စု​တော့​ အဆင်​ပြေသွား​ပြီ။ တချို့​စက်ရုံ​တွေပဲ ကျန်​တော့​တယ်။ ထူး​ခြား​ချက်က​တော့​ သ​ဘောတူညီချက်စာချုပ်၊​ ယာယီ သ​ဘောတူညီချက် ချုပ်ပြီး​တော့​မှ လုပ်ငန်း​ရှင်​တွေက ချိုး​ဖောက်တဲ့​အတွက် အဲဒါ​လေး​တွေ တက်လာတာရှိတယ်။ အဓိက ​ပြေလည်မှုမရ​သေး​တဲ့​ စက်ရုံ​တွေက ဖိနပ်စက်ရုံက၊​ ကိုရီး​ယား​ပိုင်ရှင်က လုံး​ဝညှိနှိုင်း​လို့​ မရ​သေး​ဘူး​။ ​ဆွေး​နွေး​ပွဲကို​တော့​ တက်တယ်။ သူက ဘယ်လို​ပြောလဲဆို​တော့​ လုံး​ဝမတိုး​ပေး​နိုင်ဘူး​။ သူ့​အ​နေနဲ့​ စက်ရုံပိတ်ပြန်မယ်​ပေါ့​။ ဒီ​နေ့​ထူး​ခြား​ချက်ရှိတာက ကမ္ဘာ့​ကျော် ပီနန်အိတ် စက်ရုံက သ​ဘောတူညီချက်ရတယ်။ သ​ဘောတူညီချက် ရပြီး​ကာမှ အလုပ်သမား​ အား​လုံး​ ၂၉ ​ယောက် အလုပ်ထုတ်လိုက်တယ်။ ကျ​နော်တို့​က ထုတ်လိုက်တာကို အလုပ်သမား​ ဝန်ကြီး​ဌာန ညွှန်ကြား​ရေး​မှူး​ချုပ် ဦး​ဝင်း​ရှိန်ကို အ​ကြောင်း​ကြား​တယ်။ အလုပ်သမား​တွေက ဖုန်း​ဆက်​တော့​ ဦး​ဝင်း​ရှိန်ကို အ​ကြောင်း​ကြား​လိုက်​တော့​ စက်ရုံပိုင်ရှင်ကို ပြန်​ပြောလိုက်​တော့​ ဒီအလုပ်သမား​လေး​တွေကို အလုပ်ပြန်ခန့်​လိုက်တယ် ကြား​တယ်။”

ဒီ​နေ့​မှာ အလုပ်ရှင် အလုပ်သမား​တွေ ဘယ်​လောက်​လောက် တက်​ရောက်ပါသလဲ။

“အား​လုံး​ပေါင်း​ လူ ၂၀၀ ​လောက်​တော့​ ရှိတာ​ပေါ့​။”

တင်ပြ​ဆွေး​နွေး​တဲ့​ထဲမှာ အလုပ်ရှင်ဘက်က ဘယ်လို​ဆွေး​နွေး​ကြသလဲ။ အလုပ်သမား​တွေဘက်က​ကော ဘယ်လို​တွေ ​ဆွေး​နွေး​သလဲ၊​ အကျယ်တဝင့်​ ရှင်း​ပြ​ပေး​ပါလား​။

“အလုပ်ရှင်​တွေဘက်က ​ဆွေး​နွေး​တာ သိပ်မ​တွေ့​ရဘူး​၊​ ​ပြောရရင် သူတို့​က လုပ်ငန်း​ရှင်​တွေကြီး​ပဲ သီး​သန့်​ဆွေး​နွေး​တဲ့​ ပွဲ​တွေရှိတယ်။ လုပ်ငန်း​တူရာ​ပေါ့​၊​ အရင်ရက်​တွေက လုပ်ခဲ့​တယ်။ ​ရေလုပ်ငန်း​ဆို ​ရေလုပ်ငန်း​တွေ စုကြမယ်။ အထည်ချုပ်ဆိုလည်း​ အထည်ချုပ်​တွေ စုလိုက်ကြတယ်။ အဲလိုပုံစံ​တွေနဲ့​ အရင်​နေ့​တွေက ညှိနှိုင်း​ထား​တာရှိတယ်။

“ဒီ​နေ့​မှာ တခု ထူး​ခြား​တာက​တော့​ လှိုင်သာယာ စက်မှုဇုန်က ကွပ်ကဲ​ရေး​ဥက္ကဋ္ဌ ဦး​မြတ်သင်း​အောင်ကို ဒုတိယဝန်ကြီး​ ဦး​မြင့်​သိန်း​က​နေ အကြံပြုချက် တခု​ပြောထား​တာရှိတယ်။ အဲဒါ​လေး​ သူက ကျ​နော်တို့​ကို ပြန်​ပြောပြတယ်။ အနိမ့်​ဆုံး​အ​ခြေခံလစာ ၅၆၇၀၀၊​ အချိန်ပို​ကြေး​မပါ၊​ အဲဒါကို အစိုး​ရတာဝန်ရှိသူ​တွေက အဲဒီ့​နှုန်း​လောက်ဆိုရင်​တော့​ အဆင်​ပြေနိုင်​လောက်တယ် ဆိုပြီး​ လုပ်ငန်း​ရှင်​တွေဘက်ကို ကမ်း​လှမ်း​ထား​တာ​တော့​ ကြား​တယ်။ လုပ်ငန်း​ရှင်​တွေဘက်က​တော့​ ဘာမှအဖြူအမဲ မ​ပေး​သေး​ဘူး​။”

ဒီ​နေ့​ဆွေး​နွေး​ချက်က​နေ အလုပ်သမား​တွေအတွက် ဘယ်လိုအကျိုး​ရလဒ် ရလာမလဲ။

“အလုပ်သမား​တွေကို ကိုယ်စား​ပြုမယ့်​ အဖွဲ့​အစည်း​တွေ အလုပ်သမား​ သမဂ္ဂ​တွေ၊​ ဖွဲ့​ဖို့​အတွက်​တော့​ လုပ်ငန်း​ရှင်​တွေ​ရော အလုပ်သမား​တွေ​ရှေ့​မှာ အစိုး​ရဝန်ကြီး​ဌာနက​နေ တရား​ဝင်စပြီး​တော့​ လမ်း​ဖွင့်​ပေး​တာ​ပေါ့​။ အဲဒီအတွက်​တော့​ ​ကောင်း​သော ပြုပြင်​ပြောင်း​လဲခြင်း​ တရပ်ဖြစ်လာမယ်လို့​ ထင်တယ်။ ​နောက်တချက်က လုပ်ငန်း​ရှင်​တွေ လုပ်ငန်း​ခွင်ထဲမှာ ဥပ​ဒေမဲ့​ ချိုး​ဖောက်​နေတဲ့​ကိစ္စ​တွေ၊​ အဲဒီကိစ္စ​တွေကို ဝန်ကြီး​ဌာန​တွေက​နေ တရား​ဝင်တား​မြစ်​ပေး​တယ်​ပေါ့​။ အဲဒါ​လေး​တွေက​တော့​ ဒီ​နေ့​ဆွေး​နွေး​ပွဲက ထွက်လာတဲ့​ အကျိုး​ရလဒ်​တွေလို့​ ထင်တာပဲ။”

ရန်ကုန်တိုင်း​အတွင်း​က စက်ရုံအလုပ်ရုံ ၆၀ ​လောက်မှာ ပြီး​ခဲ့​တဲ့​လလယ်ပိုင်း​ကစပြီး​ အ​ခြေခံလစာတိုး​မြင့်​ရေး​ ဆန္ဒပြခဲ့​ကြပါတယ်။

အလုပ်သမား​ဆန္ဒပြမှု​တွေ​ကြောင့်​ အလုပ်သမား​ဝန်ကြီး​ဌာနနဲ့​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​အဖွဲ့​တွေက အလုပ်ရှင်၊​ အလုပ်သမား​ ဝင်​ရောက်ညှိနှိုင်း​ပေး​တဲ့​အတွက် စက်ရုံအများ​စုမှာ ​ပြေလည်မှု ရရှိသွား​ပြီ ဖြစ်ပါတယ်။

လက်ရှိမှာ​တော့​ စက်ရုံ ၃ ခု​လောက်ကပဲ ဆက်ပြီး​ ဆန္ဒပြ​နေပြီး​ ကျန် ၅၀ ​ကျော်က​တော့​ ​ပြေလည်မှု ရရှိသွား​ပြီလို့​ ကိုချစ်ကိုလင်း​က ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013