DVB Logo
Home
မြန်မာသတင်း
မြန်မာ - ဗီယက်နမ် လွှတ်တော်နှစ်ရပ် ပူးပေါင်းမှုတိုးမြှင့်ရန် ဆွေးနွေး
DVB
·
April 21, 2018
မြန်မာ - ဗီယက်နမ် လွှတ်တော်နှစ်ရပ် ပူးပေါင်းမှုတိုးမြှင့်ရန် ဆွေးနွေး
Donate to DVB

မြန်မာ - ဗီယက်နမ် လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေ အပြန်အလှန်စေလွှတ်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့  ဗီယက်နမ်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ ဆွေးနွေးခဲ့တယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဗီယက်နမ်ကို ချစ်ကြည်ရေးခရီးနဲ့ရောက်ရှိနေတုန်း ဧပြီ ၂၀ ရက်၊ မနေ့က ဗီယက်နမ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ H.E.Madame Nguyen Thi Kim Ngan နဲ့ တွေ့ဆုံတုန်းမှာ ဆွေးနွေးခဲ့တာပါ။

ဗီယက်နမ်နိုင်ငံရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွေ့အကြုံတွေကိုလည်း ဆွေးနွေးခဲ့ကြပြီး အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟာ ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်ရေးဘဏ် အမှုဆောင်အရာရှိချုပ် ဦးဆောင်တဲ့ ဗီယက်နမ် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ H.E. Mr. Nguyen Phu Trong နဲ့တွေ့ဆုံတုန်းမှာလည်း မြန်မာ - ဗီယက်နမ် နှစ်နိုင်ငံ အစိုးရ၊ လွှတ်တော်၊ ပါတီနဲ့ ပြည်သူတို့အကြား ထိတွေ့ဆက်ဆံမှုပိုမိုတိုးမြှင့်ရေး၊ အထူးသဖြင့် လူငယ်ကိုယ်စားလှယ်အဖွဲ့တွေ အပြန်အလှန်စေလွှတ်ရေး၊ အာဆီယံ၊ ဒေသတွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဗီယက်နမ်အမျိုးသားခေါင်းဆောင်ကြီး ဟိုချီမင်းနေအိမ်ကိုလည်း သွားရောက်လေ့လာခဲ့သလို ဗီယက်နမ်နိုင်ငံမှာရောက်နေတဲ့ ပညာတော်သင်တွေနဲ့ မြန်မာနိုင်ငံသားတွေ ကိုလည်း တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်ဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ ၂ ရက်ကြာ ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့တာဖြစ်ပြီး မနေ့ညနေပိုင်းက မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013