DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ကျောင်းများ ပိတ်ထားရ
DVB
·
June 12, 2012
ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ကျောင်းများ ပိတ်ထားရ
Donate to DVB

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့်  မြို့နယ် ၄ မြို့နယ် က စာသင်ကျောင်းတွေကို ဇွန် ၁၁ ရက်ကစပြီး ပိတ်ထားလိုက်ပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ စစ်တွေနဲ့ ရသေ့တောင် စတဲ့ မြို့နယ် ၄ ခုက ကျောင်းတွေ ပိတ်ထားရတယ်လို့ ပြည်နယ်ပညာရေး ဦးစီးဌာနတာဝန်ရှိသူတဦးက ပြောပါတယ်။

“ဒီတနင်္လာနေ့မှာ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေနဲ့ ရသေ့တောင်က ဆရာမတွေ ဘ၀လုံခြုံရေး အတွက် အကုန်လုံး ပြေးလာရတယ်။ ကလေးတွေထက် လောလောဆယ် ဆရာမတွေရဲ့ ဘ၀လုံခြုံမှုကို အရင် စဉ်းစားနေရတယ်။ ကလေးတွေက အခြေအနေပြန်ပေးရင် ဖွင့်မှာပေါ့။ ဆရာမတွေ စာပြနိုင်တဲ့ အခြေအနေ လုံခြုံတဲ့ အခြေအနေ ရောက်သွား ရင် ပြန်ဖွင့်ပေး မှာပါ၊ စစ်တွေမှာလည်း အခြေအနေ မပေးလို့ ပိတ်ထားရတယ်။ ဘူးသီးတောင်၊ မောင်တောမှာ ဒီဘက်က တိုင်းရင်းသား ဆရာ၊ ဆရာမတွေ၊ ရခိုင် တိုင်းရင်းသား ဆရာ၊ ဆရာမတွေ ဘ၀လုံခြုံမှု လုံးဝမရှိဘူး။ အဲဒီမှာ သွားရောက်တာဝန်ထမ်းရမှာက တော်တော်ကို အခက်အခဲရှိတယ်။”

ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကစပြီး တနိုင်ငံလုံးမှာရှိတဲ့ အခြေခံပညာ စာသင်ကျောင်းတွေ ဖွင့်လှစ် သင်ကြားနေပြီး ရခိုင်ပြည်နယ်မှာလည်း ဇွန် ပထမပတ်မှာ ကျောင်းဖွင့်ပေမယ့် ဇွန် ဒုတိယအပတ်ကက စပြီး ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် အခုလို ကျောင်းတွေ ပိတ်လိုက်ရတာပါ။

ပဋိပက္ခတွေကြောင့် မောင်တောမြို့မှာရှိတဲ့ ကျောင်းတချို့ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မီးရှို့ဖျက်ဆီးခံလိုက်ရ တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013