DVB Logo
Home
မြန်မာသတင်း
ဝန်ထမ်းအမျိုးသားအား အဓမ္မပြုကျင့်ခဲ့သူ၏ အာမခံလျှောက်ထားမှု မေ ၂ ရက်နေ့ အမိန့်ချမည်
DVB
·
April 21, 2018
ဝန်ထမ်းအမျိုးသားအား အဓမ္မပြုကျင့်ခဲ့သူ၏  အာမခံလျှောက်ထားမှု မေ ၂ ရက်နေ့ အမိန့်ချမည်
Donate to DVB

 

စားပွဲထိုးဝန်ထမ်းကို အဓမ္မပြုကျင့်ခဲ့တဲ့ မယ်လိမ့်လုံစားသောက်ဆိုင်ပိုင်ရှင်ရဲ့ အာမခံလျှောက်ထားချက်ကို မေ ၂ ရက်နေ့မှာ အမိန့်ချမှတ်မယ်လို့ တောင်ဥက္ကလာပမြို့နယ် တရားသူကြီးက ပြောပါတယ်။

မယ်လိမ့်လုံ (သူဌေးမကြီး) ရိုးရာစားသောက်ဆိုင်ပိုင်ရှင် ကိုအောင်မျိုးထွဋ်(ခ)အက်ဒီဟာ အသက် ၂၂ နှစ်အရွယ် ဆိုင်ဝန်ထမ်းအမျိုးသားတဦးကို ဓမ္မတာနဲ့ဆန့်ကျင်ကာ လိင်ဆက်ဆံခြင်ခဲ့ တဲ့အတွက် ပုဒ်မ ၃၇၇နဲ့ စွဲချက်တင်ထားပြီး ဧပြီ ၂၀ ရက်က တောင်ဥက္ကလာပ မြို့နယ်တရားရုံးမှာ အမှုကို ကြားနာခဲ့တာပါ။

အဲဒီကြားနာပွဲမှာ တရားရုံးကို တရားလိုနဲ့တရားခံ နှစ်ဘက်လုံး ကြားနာဖို့ဆင့်ခေါ် ထားပေမယ့် တရားလိုက ခရီးလွန်နေတာကြောင့် ရောက်မလာခဲ့ပါဘူး။

တရားခံဘက်ကတော့ ကျန်းမာရေး မကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အာမခံလျှောက်ထားတာကြောင့် မေ ၂ ရက်နေ့မှာ အာမခံပေးဖို့အတွက် အမိန့်ချမှတ်မယ်လို့ တရားသူကြီးက ဆိုပါတယ်။

မယ်လိမ့်လုံစားသောက်ဆိုင်ပိုင်ရှင် ကိုအောင်မျိုးထွဋ်ဟာ နိုင်ငံတကာ HIV/AIDS နဲ့ပတ် သက်တဲ့ NGO အဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေသူဖြစ်ပြီး ကိုယ်တိုင်လည်း HIV ရောဂါခံစားနေ ရတယ်လို့ ဆိုပါတယ်။

ကိုအောင်မျိုးထွဋ်အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေကတော့ ကိုအောင်မျိုးထွဋ်ဟာ HIV ရောဂါရှိနေပြီး လက်ရှိ HIV ဆေးတွေသောက်သုံးနေရတဲ့အတွက် တရားရုံးကို အာမခံပေးဖို့ တင်ပြထားတယ်လို့ ဆိုပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့ ဆိုင်ဝန်ထမ်းကတော့ လက်ရှိမှာ HIV ရောဂါကူးဆက်ခံရနိုင်တဲ့ အခြေအနေကြောင့် ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ HIV ကာကွယ်ဆေးတွေ သောက်သုံးနေရသူဖြစ်ပါတယ်။

ဓမ္မတာနဲ့ဆန့်ကျင်ပြီး အဓမ္မပြုကျင့်ခဲ့တဲ့ ကိုအောင်မျိုးထွဋ်ကို တောင်ဥက္ကလာပမြို့နယ်ရဲ တပ်ဖွဲ့က မတ် ၉ ရက်နေ့မှာ ဖမ်းဆီးခဲ့တာပါ။

ကိုအောင်မျိုးထွဋ်ကို မတ် ၂၃ ရက်နေ့က တောင်ဥက္ကလာပတရားရုံးမှာ ရုံးထုတ်စစ် ဆေးခဲ့ပြီး ဧပြီ ၆ ရက်နေ့နဲ့ ဧပြီ ၂၀ ရက်နေ့တွေမှာလည်း ထပ်မံစစ်ဆေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013