DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာခရိုင်အတွင်းက လေဘေးဒဏ်ခံရသည့် ရွာများကို ထောက်ပံ့ကြေးပေးအပ်
DVB
·
April 20, 2018
မိတ္ထီလာခရိုင်အတွင်းက လေဘေးဒဏ်ခံရသည့် ရွာများကို ထောက်ပံ့ကြေးပေးအပ်
Donate to DVB

 

မိတ္ထီလာခရိုင်၊ ဝမ်းတွင်း၊ သာစည်၊ မိတ္ထီလာ၊ ၃ မြို့နယ်က ကျေးရွာတွေမှာ သင်္ကြန်တွင်းကာလက လေပြင်းတိုက်ခတ်လို့ ပျက်စီးမှုတွေအတွက် တိုင်းဒေသကြီး သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ သိန်း ၄၀ လောက်ကို ဧပြီ ၁၉ရက်က ပေးအပ်ခဲ့ပါတယ်။

ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံး ဘီစီ ဦးအောင်ကျော်ဦးက “ဘုရားထီးတော်မြေခ တာအတွက် ၃ သိန်း၊ အိမ်ထောင်စု ၁၆ စုအတွက် သွပ်အချပ်ရေ ၂၄၀ ချပ်နဲ့ ယိုင်နဲ့အိမ်များအတွက် ထောက်ပံ့ငွေ စုစုပေါင်း ၁၂ သိန်းကျော် ပေးအပ်တာပါ။ မြို့နယ်သဘာဝဘေးစီမံကော်မတီနဲ့ အမျိုးသမီးရေးရာ မိခင်ကလေးစောင့်ရှောက်ရေးအဖွဲ့တွေက

ဆန်၊ ခေါက်ဆွဲခြောက်နဲ့ စားသောက်ဖွယ်ရာတွေ ထောက်ပံ့ပေးတယ်။ လေပြင်းခံရတဲ့ရွာက ကံကြီးရွာ၊ ပဲနံ့သာရွာနဲ့ ခံတောရွာတွေပါ” လို့ ပြောပါတယ်။

သာစည်မြို့နယ်တိုင်းဒေသကြီး ကိုယ်စားလှယ်ဦးစံထွန်းက “မြို့နယ်အုပ်ချုပ်ရေးခန်းမမှာ ထောက်ပံ့ကြေးပေးပါတယ်။ ယင်းမာပင်ရွာက အိမ်ထောင်စု ၁၂ စုအတွက် သွပ်အချပ် ၁၉၇ ချပ်နဲ့ ယိုင်နဲ့အိမ်တွေပြုပြင်ဖို့ ၈ သိန်း ၅ သောင်းကျော် ထောက်ပံ့တာပါ” လို့ ပြောပါတယ်။

မိတ္ထီလာမြို့ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးစိုးသန်းက “ဒဟတ္တန်းရွာဓမ္မာရုံမှာ အဲရွာက အိမ်ထောင်စု ၁၄ စုကို သွပ်အချပ်ရေ ၃၅၀ နဲ့ ယိုင်နဲ့အိမ်များအတွက် ၁၈သိန်း ၆ သောင်းကျော်ပေးခဲ့တာပါ။ ခရိုင်ကြက်ခြေနီက အိမ်ထောင်စုတစုကို မိုးကာ ၁ ထည်နဲ့ ပစ္စည်းစုံ ၁၀ မျိုး တန်ဖိုး ၅ သောင်းခွဲဖိုး ထပ်ဆောင်းပေးတယ်” လို့ ပြောပါတယ်။

လေပြင်ဒဏ်ခံရတဲ့ ဦးတင်ထွန်းက “အခုလို ဂရုတစိုက် အားပေးပြီး ထောက်ပံ့တာ ဝမ်းသာမိတယ်။ ဧပြီ ၁၇ လောက်ဖြစ်တာ ၂ ရက်အတွင်း ထောက်ပံ့လာတယ်” လို့ ပြောပါတယ်။

ဧပြီလ ၁၆ ရက်မှာ သာစည်မြို့နယ် ယင်းမာပင်ရွာ လေပြင်းတိုက်ပြီး ဧပြီ ၁၇ ရက်နေ့မှာ ဝမ်းတွင်းမြို့နယ် ကံကြီးရွာ၊ ခံတောရွာနဲ့ ပဲနံ့သာရွာ ၃ ရွာ လေပြင်းတိုက်သွားပါတယ်။

မိတ္ထီလာမြို့နယ်မှာတော့ ဒဟတ္တန်းရွာမှာ လေပြင်းအတိုက်ခံရတာပါ။ အနည်းငယ်ပဲ ပျက်စီးတဲ့ အိမ်ထောင်စုတွေက ထောက်ပံ့ကြေးမယူဘဲ များများစားစားပျက်သူတွေကသာ ထောက်ပံ့ကြေးငွေယူတယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013