DVB Logo
Home
မြန်မာသတင်း
ဒေါက်တာသန်းထွဋ်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်အရေးယူ
DVB
·
April 20, 2018
ဒေါက်တာသန်းထွဋ်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်အရေးယူ
Donate to DVB

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က အမှုဖွင့်အရေးယူလိုက်ပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ဟာ လုပ်ပိုင်ခွင့်အာဏာကို သုံးပြီး ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်တာကြောင့် အရေးယူတာလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြု၍ ၂၀၁၇ ခုနှစ်အတွင်း ၎င်းပိုင်ဆိုင်သည့် မြေကွက်ပေါ်ရှိ နေအိမ်အတွက် လိုအပ်သည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများနှင့် နေအိမ်အတွင်းအသုံး အဆောင်ပစ္စည်းများအားလည်းကောင်း၊ ၎င်းပိုင်ဆိုင်သည့် အခြားမြေကွက်ပေါ်တွင် ခြံစည်းရိုးကာရံခြင်း၊ တထပ်တိုက်နေအိမ်တလုံး၊ ကားဂိုဒေါင်ပါ နှစ်ထပ်နေအိမ်တလုံး၊ ဂိတ်တဲတလုံး၊ ရေကူးကန်တကန်နဲ့ ရေပန်းတခုတို့အားလည်းကောင်း စုစုပေါင်း တန်ဖိုးငွေကျပ် ၁၅၁,၄၃၉,၇၈၆/- (ကျပ်သိန်းတထောင့်ငါးရာကျော်) ကို အဆောက်အဦများ ဆောက်လုပ်ရန် တင်ဒါအောင်မြင်သည့် ကုမ္ပဏီထံမှ တောင်းခံရယူခဲ့ကြောင်း” ထုတ်ပြန်ထားပါတယ်။

ဒီလိုစစ်ဆေးပေါ်ပေါက်တဲ့အတွက် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရဲစခန်းမှာ ဒီနေ့ ဧပြီ ၂၀ ရက်နေ့မှာ တိုင်ချက်ဖွင့် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြပါတယ်။

ခုလို အရေးယူခံရတာနဲ့ ပတ်သက်ပြီး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ဘက်ကတော့ ပြန်လည်တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

လာဘ်ပေးလာဘ်ယူ ပပျောက်ရေးကို ရည်ရွယ်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်ရဲ့ အမိန့်နဲ့ စတင်ဖွဲ့စည်းခဲ့ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေနဲ့ အဂတိလိုက်စားမှုတွေကို မျက်နှာကြီးငယ်မလိုက်၊ ဆူကြုံနိမ့်မြင့်မရွေး ပြတ်ပြတ်သားသား ဆောင်ရွက်သွားဖို့ သမ္မတ ဦးဝင်းမြင့်က မကြာသေးခင်က တွေ့ဆုံ ညွှန်ကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013