DVB Logo
Home
မြန်မာသတင်း
အခြေခံပညာအတန်းများ အောင်စာရင်း ဧပြီ ၂၂ ရက် ထုတ်ပြန်မည်
DVB
·
April 20, 2018
အခြေခံပညာအတန်းများ အောင်စာရင်း ဧပြီ ၂၂ ရက် ထုတ်ပြန်မည်
Donate to DVB

၂ဝ၁၇ - ၂ဝ၁၈ ပညာသင်နှစ်အတွက် အခြေခံပညာအတန်းတွေရဲ့  အောင်စာရင်းတွေကို ဧပြီ ၂၂ ရက်မှာ ထုတ်ပြန်ကြေညာမယ်လို့  အစိုးရပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။

အခြေခံပညာမူလတန်း စတုတ္ထတန်းနဲ့  အခြေခံပညာအလယ်တန်း အဋ္ဌမတန်း စာမေးပွဲတွေ  အပါအဝင် အခြေခံပညာအတန်း အသီးသီးအတွက် စာမေးပွဲတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း စစ်ဆေးပြီးစီးခဲ့တာဖြစ်ပါတယ်။

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်အတွက် အခြေခံပညာနဝမတန်း (ပြင်ပဖြေ) စာမေးပွဲတွေကိုတော့ လာမယ့် မေ ၂ ရက်မှ မေ ၁ဝ ရက်အတွင်း သက်ဆိုင်ရာခရိုင်အလိုက် စစ်ဆေးသွားဖို့ရှိပြီး စာမေးပွဲအောင်စာရင်းတွေကို မေ ၂၃ ရက်မှာ ထုတ်ပြန်မယ်လို့လည်း  မြို့နယ်ပညာရေးမှူးရုံးကို ကိုးကားပြီး ပြန်ကြားရေးသတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013