DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းဝန်ကြီး ၂ဦးကို သမ္မတက အတည်ပြုခန့်အပ်
DVB
·
April 20, 2018
မကွေးတိုင်းဝန်ကြီး ၂ဦးကို သမ္မတက အတည်ပြုခန့်အပ်
Donate to DVB

ကာလအတန်ကြာ လစ်လပ်နေတဲ့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီး ၂ နေရာအတွက် ၀န်ကြီး ၂ဦးကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဧပြီ ၁၉ရက်မှာ အတည်ပြုခန့် အပ်တာဝန်ပေးအပ်လိုက်ပါတယ်။

စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီးအဖြစ် ဦးဝင်းမော်ဌေးနဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီးအဖြစ် ဦးမြင့်ဆွေတို့ ကို ခန့်အပ်လိုက်တာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ (စ)၊ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (ဂ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မ ၈၂၊ ပုဒ်မခွဲ (ဂ) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဆ)၊ ပုဒ်မ ၅၆၊ ပုဒ်မခွဲ (က) တို့ပါ ပြဋ္ဌာန်းချက်များအရ သမ္မတအမိန့်နဲ့ အခုလို တာဝန်ပေးအပ်လိုက်တာလို့  သမ္မတ ဦးဝင်းမြင့် လက်မှတ်ထိုးထုတ်ပြန်တဲ့ သမ္မတရုံး အမိန့်စာမှာဖော်ပြပါတယ်။

မြို့ပြအင်ဂျင်နီယာ ဦးဝင်းမော်ဌေးနဲ့ ခရိုင်ပညာရေးမှူးဟောင်း ဦးမြင့်ဆွေတို့ကို ၀န်ကြီးအဖြစ် ခန့်အပ်ဖို့ မကွေးတိုင်းဒေသကြီး လွှတ်တော်ကလည်း သင်္ကြန်မတိုင်ခင်ကတည်းက အတည်ပြုထားပြီးဖြစ်ပါတယ်။

မကွေးတိုင်းမှာ စိုက်ပျိုးမွေးမြူရေးဝန်ကြီးနဲ့ အလုပ်သမားဝန်ကြီးတို့ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလကတည်းက နုတ်ထွက်သွားခဲ့ကြပြီး သူတို့နေရာကမှာ အစားထိုးခန့်အပ်ဖို့  တိုင်းဝန်ကြီးချုပ်က ပထမအကြိမ် အမည်စာရင်းတင်သွင်းခဲ့ရာမှာလည်း လွှတ်တော်အမတ်တွေရဲ့ ကန့်ကွက်ခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013