DVB Logo
Home
မြန်မာသတင်း
နေပြည်တော် ချီတက်တောင်းဆိုသည့် ရွှေလုပ်သားများကို လုံခြုံရေးများ တားဆီး
DVB
·
June 12, 2012
နေပြည်တော် ချီတက်တောင်းဆိုသည့် ရွှေလုပ်သားများကို လုံခြုံရေးများ တားဆီး
Donate to DVB

မန္တလေးတိုင်း ရမည်းသင်း ခရိုင် မိုးထိမိုးမိကနေ သမ္မတရုံး အခြေစိုက်ရာ နေပြည်တော် သွားရောက် ဆန္ဒပြသူတွေကို ရမည်းသင်း အရှေ့ဘက် ရွှေမြင်တင်တောင်ပေါ် ဘုရားအရောက်မှာ လုံခြုံရေးတွေ က တားဆီး ပိတ်ပင်ထားပါတယ်။

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက ရမည်းသင်းခရိုင် မိုးထိ မိုးမိတောင်ပေါ် မှာ ရွှေလုပ်သားတွေ ကို  လက်ရှိ လုပ်ကိုင်နေတဲ့ လုပ်ကွက်တွေမှာ ဆက်လုပ်ကိုင်ခွင့် မပြုတာကြောင့် ဇွန်လဆန်းပိုင်း ကနေ စတင် ဆန္ဒပြခဲ့တာပါ။

သူတို့ တောင်းဆိုချက်ကို မရလို့ နေပြည်တော်က သမ္မတရုံးရှေ့ကို အခုလို သွားရောက်ချီတက် ဆန္ဒပြကြတာ ဖြစ်ပါတယ်။

အင်အား ၂၀၀၀ ခန့်ရှိတဲ့ ရွှေလုပ်သားတွေဟာ မနေ့ည ၉ နာရီလောက် က ရွှေမြင်တင် ကို ရောက်ရှိခဲ့တာဖြစ်ပြီး ည ၁၀ နာရီလောက်မှာတော့ လုံခြုံရေးတွေက ဘုရားကနေ မထွက်ခွာဖို့ ပိတ်ပင်လိုက်တာ လို့ ဆန္ဒပြပွဲကို သတင်းသွားယူတဲ့ ဒီဗွီဘီ သတင်းထောက်က ပြောပါတယ်။

အခုလို ပိတ်ပင်ခံထားရတဲ့အတွက် ဆန္ဒပြသူတွေဟာ ဒီနေ့မနက်ပိုင်းမှာ ရေပြတ်လပ်နေကြတယ်လို့  သူက ပြောပါတယ်။ ပိတ်ဆို့ထားတဲ့နေရာကနေ ဘယ်သူ့ကိုမှလည်း ထွက်ခွင့်မပြုသလို ၀င်ခွင့်လည်း မပြုဘူးလို့ ဆိုပါတယ်။

“ဒီဘက်ကသွားတဲ့လူလည်း သွားမရဘူး။ ဟိုဘက်ကနေ ထွက်တဲ့လူလည်း ထွက်လို့မရဘူး။ ရဲအင်အား ၅၀၀ လောက်နဲ့ ပိတ်ထားပါတယ်။ အဲ့ဘက်သွားချင်သူတွေ ဆက်သွားလို့ မရအောင် ဆန္ဒပြသူတွေ နား မရောက်ခင်မှာ ဂိတ်ရှိတယ်။ ဆန္ဒပြသူတွေဆီ မရောက်အောင် ရဲတွေက အဲ့မှာတားထားတယ်။ အခုလောလောဆယ် ရေပြတ်သွားတယ်။ ရမည်းသင်းမြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ကနေ တောင်ပေါ်ကပါလာတဲ့ ဆရာတော်တွေကို ကိုယ့်မြေထဲကို ပြန်ဖို့ မေတ္တာရပ်ခံထားပါတယ်။”

ဒီအခြေအနေတွေကို သိရဖို့ ရမည်းသင်းခရိုင် ရဲတပ်ဖွဲ့ ရဲမှူးကြီးကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း မရဖြစ်ခဲ့ပါတယ်။ ချီတက်လာတဲ့ ဆန္ဒပြသူတွေအထဲမှာ သက်ကြီးရွယ်အိုတွေလည်း ပါဝင်ပြီး ဆေးဝါးနဲ့ အစားအသောက် အကူအညီတွေလည်း လိုအပ်နေတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013