DVB Logo
Home
မြန်မာသတင်း
ဦးကိုနီအသတ်ခံရမှု အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းနှင့် ဇေယျာဖြိုးတို့ကို ရုံးထုတ်
DVB
·
April 19, 2018
ဦးကိုနီအသတ်ခံရမှု အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းနှင့် ဇေယျာဖြိုးတို့ကို ရုံးထုတ်
Donate to DVB

 

ရန်ကုန်လေဆိပ် ဦးကိုနီ လုပ်ကြံခံခဲ့ရမှုမှာ သေနတ်သမားကြည်လင်းနဲ့အတူ ပါဝင်တယ်ဆိုပြီး စွဲချက်တင်ခံထားရတဲ့ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းနဲ့ ဇေယျာဖြိုးတို့ကို မြောက်ပိုင်းခရိုင်တရားရုံးမှာ ဒီနေ့မနက်က ရုံးထုတ်ခဲ့ပါတယ်။

ဒါပေမယ့် နှစ်ဖက်ရှေ့နေတွေက စွဲချက်တွေနဲ့ပတ်သက်ပြီး ပြင်ဆင်ဖို့အတွက် တိုင်းတရားရုံးကို လျှောက်ထားခဲ့ပါတယ်။ အဲဒီပြင်ဆင်ချက်တွေကို နှစ်ဖက် ကြားနာဖို့ တိုင်းတရားရုံးက လက်ခံထားတဲ့အတွက် ဒီကနေ့ရုံးထုတ်မှာ သူတို့ကို မစစ်ဆေးဘဲ နောက်တပတ် မေ ၃ ရက်နေ့ကို ထပ်ပြီးချိန်းဆိုခဲ့ပါတယ်။

ဇေယျာဖြိုးကတော့ တိုင်းတရားရုံးမှာ ပြင်ဆင်ချက်လျှောက်ထားတာနဲ့ပတ်သက်ပြီး အမှန်တိုင်းဖြစ်ဖို့အတွက် မီဒီယာတွေ အာရုံစိုက်ပေးဖို့အတွက် ဒီကနေ့ရုံးထုတ်မှာ ပြောဆိုခဲ့ပါတယ်။

ဒီအမှုမှာ ကြည်လင်းကို ဦးကိုနီအား သတ်မှုအတွက် ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁)ခ /၃၄၊ အငှားယာဉ်မောင်း ကိုနေ၀င်းကို သတ်မှုအတွက် ပုဒ်မ ၃၀၂(၂) လက်နက်ဥပဒေပုဒ်မ ၁၉(ဃ) ၁၉(စ) နဲ့ စွဲချက်တင်ခဲ့ပါတယ်။ အောင်ဝင်းဇော်ကိုတော့  ပုဒ်မ ၃၀၂(၁) ခ/၃၄ လက်နက်ဥပဒေပုဒ်မ ၁၉(ဃ)၊ ၁၉(စ)၊ ဇေယျာဖြိုးကိုတော့ ပုဒ်မ ၃၀၂(၁)ခ/၃၄ နဲ့ စွဲချက်တင်ထားပါတယ်။

အောင်ဝင်းထွန်းကိုတော့ တရားခံအား လွတ်မြောက်အောင်ကူညီခဲ့တဲ့အတွက် ရာဇသတ်ကြီးပုဒ်မ ၂၁၂ နဲ့စွဲချက်တင်ပြီး ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ရုံးချိန်းတုန်းက ကျပ်သိန်း ၅၀၀ နဲ့ အာမခံပေးထားပါတယ်။ ထွက်ပြေးလွတ်မြောက်နေတဲ့ အောင်ဝင်းခိုင်ကိုတော့ အခုချိန်ထိ ဖမ်းလို့ မမိသေးပါဘူး။

သတင်းဓာတ်ပုံ - အောင်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013