DVB Logo
Home
မြန်မာသတင်း
ဟင်္သာတ​ခရိုင် ၄ မြို့နယ်တွင် လေပြင်းတိုက်​ခတ်၊ နေအိမ်​​အမြောက်အမြား ပျက်​စီး
DVB
·
April 19, 2018
ဟင်္သာတ​ခရိုင် ၄ မြို့နယ်တွင် လေပြင်းတိုက်​ခတ်၊ နေအိမ်​​အမြောက်အမြား ပျက်​စီး
1 / 4
Donate to DVB

 

ဧရာဝတီတိုင်း ဟသာင်္တမြို့နယ်​၊ အင်္ဂပူမြို့နယ်​၊ မြန်​​အောင်​မြို့နယ်​​နဲ့ ​လေးမျက်​နှာမြို့နယ်​​တွေထဲက​ ကျေးရွာအချို့မှာ ဧပြီ ၁၈ ရက်​ ည​နေ ၃ နာခွဲလောက်က လေပြင်းတိုက်​ခတ်​ခဲ့လို့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ လူနေအိမ်အချို့ ပျက်စီးခဲ့ရပါတယ်။

ဟသာင်္တမြို့နယ်​​ထဲက ပဲကြီးကျွန်း​ကျေးရွာအုပ်​စုက ​ကျေးအချို့ အင်္ဂပူမြို့နယ်​ထဲ စစ်​ကုန်း​ကျေးရွာအုပ်​စုက ​ကျေးရွာအချို့၊ မြန်​​အောင်​မြို့နယ်​​ထဲက မျှင်​ဝါး​တောင်​​ကျေးရွာအုပ်​စု ထဲက ​ကျေးရွာအချို့၊ ​လေးမျက်​နှာမြို့နယ်​ထဲ​ ကျေးရွာအချို့​ လေ​ဘေးသင့်ခဲ့ကြတာပါ။

မျှင်​ဝါး​တောင်​​ကျေးရွာအုပ်​ချုပ်​​ရေးမှူး ဦးမြဦးက​ "မျှင်​ဝါး​တောင်​ရယ်၊ ​​ညောင်​ခုံရယ်​ နှစ်​ရွာ။ ​ညောင်​ခုံက အိမ်​ ၁၉ လုံး၊ မျှင်​ဝါး​တောင် ​၄ လုံး အမိုးလန်​တာ လန်​ပြိုတာပြိုပဲ။ ကာလတန်​ဖိုး​ငွေ က​တော့ ဘယ်​လို​တောင် ​တွက်​မယ်​ မသိဘူး။ တအိမ်​ကဆို အသစ်​ကြီး ခန့်​မှန်း​တော့ နှစ်​ရွာ​ပေါင်း သိန်း ၂၀၀ နီးပါး​တော့ ရှိမယ်​ထင်​တယ်။ ​အဲဒီစာရင်း​တွေကို​တော့ မြို့နယ်​ကို တင်​​ပေးထား ပါတယ်​" လို့ ​ပြောပါတယ်​။

လေးမျက်​နှာမြို့နယ်​ထဲက​တော့ ပန်​တင်​အုပ်​စုထဲက လည်​တန်​ငယ်​​ကျေးရွာမှာ​ လေ​ဘေးသင့်ခဲ့တာပါ။

အဲဒီကျေးရွာ​နေ ကိုဟန်​ဝင်းက​ "အိမ်​​ခြေ​ပေါင်း ၄၅ လုံး​ ကျော်​မယ်။ ​စာသင်​​ကျောင်း တ​ကျောင်းလည်း ပါသွားတယ်​။ ခန့်​မှန်း​တော့ စာသင်​​ကျောင်းအပါ ၅၅ သိန်းဖိုးလောက် ​ဆုံးရှုံးမယ်​လို့ ထင်​ပါတယ်​။ သူများ​မြို့နယ်​​တွေလို ထိုက်​သင့်တဲ့ ကူညီမှုတွေ​တော့ လိုချင်​ပါတယ်​။ အများကြီးလည်း မ​မျှော်​လင့်​ထားပါဘူး” လို့ ​ပြောပါတယ်​။

အင်္ဂပူမြို့နယ်​ထဲက​ စစ်​ကုန်း၊ သဓမ္မကျွန်းတို့မှာ ​လေ​ဘေးသင့်ခဲ့ပြီး စစ်​ကုန်း​ကျေးရွာ အုပ်​ချုပ်​​ရေးမှူး ဦးသန်းဦးက​ "ကျ​နော်​တို့ဆီက များတယ်​အကို။ စာသင်​​ကျောင်း သုံး​ကျောင်း တ​ကျောင်းက​နေလို့​တောင် ​မရနိုင်​​အောင် ​ယိုင်​သွားတယ်​။ အိမ်​​ခြေကလည်း ၂၅၀ ​ကျော်​မယ်​။ ဘုန်းကြီး​ကျောင်း ဆောက်​လက်​စကလည်း အားလုံးနီးပါး ပျက်​သွားတာ​။ ပြီးတော့ ဒီဘက်​က ​လေကာ​တွေ မရှိဘူး။ ​လေ​မြေနုကျွန်း​ပေါ်မှာ ​နေထိုင်​​နေရတာဆို​တော့ ပိုအထိနာတယ်​။ ​လေ​ဘေးသင့်တဲ့ သူ​တွေ အိမ်​​ထောင်​စု​တွေကို​တော့ ​နေလိုရတဲ့ အုပ်​စုတွင်းက စာသင်​​ကျောင်း နှစ်​ခုမှာ ခွဲပြီး​နေရာချထားတယ်။  ခန့်​မှန်းဆုံးရှုံးမှု ဘယ်​က စတွက်​ရမှန်း​တောင် ​မသိပါဘူးဗျာ"လို့ ​ပြောပါတယ်​။

အင်္ဂပူမြို့နယ်​အုပ်​ချုပ်​​ရေးမှူး ဦးရဲရင့်လှိုင်​က​ "ကျ​နော်​ကိုယ်​တိုင် ​ဌာနဆိုင်​ရာ​တွေနဲ့ ကွင်းဆင်းမယ်၊ ​ပူ​ပေါင်းပြီး ကူညီမယ်၊။ ခရိုင်​တိုင်း လူကယ်​ပြန်​ကို ခုဖြစ်​စဉ်​​တွေကိုလည်း အချိန်​နဲ့ တ​ပြေးညီ တင်ပြ​နေပါတယ်​။ ​လေ​ဘေးသင့် ပြည်​သူ​တွေကို အမြန်​ဆုံး ကူညီမှု​ပေးနိုင်​ဖို့ ဆပ်​စပ်​​ဆောင်​ရွက်​​နေပါတယ်​" လို့ ဒီဗွီဘီကို​ပြောပါတယ်​။

အခုနှစ်​အတွင်း ဟသာင်္တခရိုင်​အတွင်းမှာ ​လေ​ပြင်းတိုက်​ခတ်​တာတွေ ဆက်တိုက်​ဆိုသလို ဖြစ်​​ပေါ်​နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013