DVB Logo
Home
မြန်မာသတင်း
ကညွတ်ကွင်းတွင် ငွေစက္ကူအတုလုပ်သူ ၄ ဦးကို စက်ပစ္စည်းများနှင့်အတူ ဖမ်းမိ
DVB
·
April 19, 2018
ကညွတ်ကွင်းတွင် ငွေစက္ကူအတုလုပ်သူ ၄ ဦးကို စက်ပစ္စည်းများနှင့်အတူ ဖမ်းမိ
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး ကညွတ်ကွင်းမြို့မှာ ဧပြီလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက တစ်သောင်းတန် ငွေစက္ကူအတုအရွက် ၄၀ ကျော်နဲ့ ငွေစက္ကူအတုပြုလုပ်သူ ၄ ဦးကို အတုပြုလုပ်ရာမှာ အသုံးပြုတဲ့ စက်ပြစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ကညွတ်ကွင်းနယ်မြေ ရဲတပ်ဖွဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

ကညွတ်ကွင်းမြို့ရဲ့ အရှေ့ဘက်မှာရှိတဲ့ သေနတ်ကွင်းကျေးရွာရှိ ဈေးဆိုင်တဆိုင်မှာ အမည်မသိ အမျိုးသားသုံးဦးဟာ အတုလို့ယူဆရတဲ့ တစ်သောင်းတန်ငွေစက္ကူများနဲ့ ဈေးဝယ် နေကြောင်း အကြောင်းကြားခဲ့တဲ့အတွက် သွားရောက်စစ်ဆေးရာမှ ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။

တောကျွဲအင်းမြို့နေသူတွေဖြစ်တဲ့ ဖြိုးလင်း၊ ဖြိုးအောင်၊ ခင်မောင်မြင့်တို့ကို တစ်သောင်းတန်ငွေစက္ကူအတု ၄၂ ရွက်နဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်ဆေးမေးရာ တောကျွဲအင်းမြို့မှာ နေထိုင်တဲ့ ဘိုဘိုနိုင်ထံမှ ရရှိကြောင်း သိရှိရတယ်၊ ဘိုဘိုနိုင်ရဲ့ နေအိမ်ကို ဆက်လက်ရှာဖွေရာ အုတ်ကွင်းအတွင်းရှိ လူနေတဲ့ အတွင်းမှ ငွေစက္ကူအတု ပြုလုပ်ရာမှာအသုံးပြုတဲ့ Colour Printer Copyer (၁)လုံး၊ 12V ဘတ္ထရီအိုး (၁) လုံး၊ အင်ဗာတာ ၁ လုံး၊ ဆိုလာပြားတခုနဲ့ A4 စာရွက်တွေပါ သိမ်းဆည်းရမိခဲ့တာလို့ ရဲတာဝန်ရှိသူက ပြောပါတယ်။

ဖြိုးလင်းပါ ၄ ဦးတို့ကို ရာဇသတ်ကြီးပုဒ်မ ၄၈၉-က၊ ၄၈၉-ခ၊ ၄၈၉-ဂ တို့နဲ့ ကညွတ်ကွင်းနယ်မြေရဲတပ်ဖွဲစခန်းက အမှုဖွင့်စစ်ဆေးနေးပြီး CID ဌာနကို လွှဲပြောင်းပေးသွားမယ်လို့ သိရပါတယ်။

 

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013