DVB Logo
Home
မြန်မာသတင်း
ညီအစ်ကို ၂ ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ရဲတပ်သားကို ဖမ်းဆီး
DVB
·
April 19, 2018
ညီအစ်ကို ၂ ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ရဲတပ်သားကို ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့မှာ ဧပြီ ၁၇ ရက်၊  နှစ်ဆန်း ၁ ရက်နေ့ သင်္ကြန်မှာ ရေပက်ခံပြီး ပြန်လာတဲ့ ညီအစ်ကို ၂ ဦးအား သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဧပြီ ၁၇ ရက် မွန်းလွဲ ၂ နာရီခွဲလောက်က  နေလင်းအောင် ၂၀ နှစ်၊ ပြည့်ဖြိုးအောင် ၂၃ နှစ် ညီအစ်ကို နှစ်ဦးဟာ ရွှေပြည်အေးမြို့နဲ့ ၄ မိုင်ခန့်အကွာမှာ ရွှေပြည်အေးရဲစခန်းမှ ရဲတပ်သား ခိုင်ဇာထွန်းက ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

မျက်မြင်သက်သေ ကိုသိန်းဦးက “ဆိုင်ကယ်က ပါဝါအိတ်ဇောဖြစ်နေလို့ အသံတော့ မကြားလိုက်ရဘူး။ ကျနော်က သူတို့နဲ့ ပေ ၁၅၀ လောက်ပဲဝေးတယ်။ မြင်တဲ့သူက ဘေးနားက အိမ်တွေကလည်း မြင်တယ်။ သေတဲ့သူတွေက နတ်နန်းရွှေမှော်ကနေ ရွာကိုအပြန် ရွှေပြည်အေးမှာ​ အရက်သောက်နေတာကနေ စကားများတာ။ အဲဒီမှာ သူတို့နဲ့ စကားများတဲ့သူတွေက သင်္ကြန်သွားလည်နေပြီ။ ရဲတွေက ဝိုင်းထားတယ်။ ရဲတွေနဲ့ ဆဲတယ်။ သူတို့ညီအစ်ကိုက ဆိုင်ကယ်စီးပြီး ပြန်ထွက်လာတာမှာ ရဲတွေက လိုက်လာတာ။ ဆိုင်ကယ်ရှေ့ကစီးတာက ညီဖြစ်တဲ့ နေလင်းအောင်က စီးတာ ပြည့်ဖြိုးအောင်က နောက်ကစီးတာ။ ပြည့်ဖြိုးအောင် နောက်စေ့ကနေ ဖောက်ဝင်ပြီး နှာခေါင်းကနေ ဖောက်ထွက် နေလင်းအောင် နောက်စေ့ကို ဝင်တာ” လို့ ပြောပါတယ်။

သေဆုံးသူတွေဟာ ရွှေပြည်အေးမြို့နဲ့ ၄ မိုင်ခန့်အကွာ စာဖာရွာက အဖ ဦးမိုး၊ အမိ ဒေါ်အေးတို့ရဲ့ သားတွေ ဖြစ်ပါတယ်။ အခင်းဖြစ်တဲ့နေ့ည ၁၀ နာရီကျော်မှာ ရဲတွေ လာရောက်လာပြီး အလောင်းတွေကို မော်တော်နဲ့ တင်သွားတယ်လို့ ဆိုပါတယ်။

ညတွင်းချင်းမှာပဲ ရွှေပြည်အေးမြို့ စခန်းမှူးနဲ့ တာဝန်ရှိသူတွေက ပစ်တဲ့ ရဲတပ်သား ခိုင်ဇာထွန်းကို ဖမ်းသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ဒါပေမယ့် ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ရဲစခန်းဘက်ကိုတော့ မေးမြန်းစုံစမ်းလို့ မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013