DVB Logo
Home
မြန်မာသတင်း
နေပြည်တော် လပြည့်ဝန်း စားသောက်ဆိုင်တွင် လူသတ်မှုဖြစ်ပွား
DVB
·
April 18, 2018
နေပြည်တော် လပြည့်ဝန်း စားသောက်ဆိုင်တွင် လူသတ်မှုဖြစ်ပွား
Donate to DVB

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် မြစ်ငယ် ၂ လမ်းမှာရှိတဲ့ လပြည့်ဝန်း စားသောက်ဆိုင်မှာ ဧပြီ ၁၇ ရက်နေ့ ညနက်ပိုင်းက လူသတ်မှုဖြစ်ပွားခဲ့ပါတယ်။

သေဆုံးသူဟာ ရပ်ကွက်အတွင်းမှာရှိတဲ့ မြစ်ငယ် ၅ လမ်းမှာ နေထိုင်တဲ့ ကိုမိုးကောင်းရဲ့ ညီ ကိုအောင်ထိုက်ဖြစ်ပြီးတော့ သေဆုံးသူရဲ့ သူငယ်ချင်း သူရ ဆိုသူဟာလည်း ကျောဘက် ထိုးသွင်းဒဏ်ရာနဲ့ ဝမ်းဗိုက် ထိပေါက်ဒဏ်ရာတို့ ရရှိခဲ့ပါတယ်။

ကိုမိုးကောင်းဟာ ညီဖြစ်သူ ဓားထိုးခံရတယ်လို့ သတင်းကြားလို့ သွားကြည့်ရာမှာ ဆိုင်အတွင်း သေဆုံးနေတာကို တွေ့ခဲ့ရတာလို့ ရဲ စစ်ချက်အရ သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားခံ ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆောင်ရွက်နေပြီး သေဆုံးသူရဲ့ အစ်ကိုက ဇမ္ဗူသီရိမြို့နယ် မြို့မရဲစခန်းမှာ (ပ)၅၅/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ နဲ့ အမှုဖွင့်တိုင်ကြားထားပါတယ်။

ဧပြီလ ၅ ရက်နေ့ကလည်း နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပန်းခင်းမီးပွိုင့်နားမှာရှိတဲ့ “ရွှေသံလမ်း” လက်ဖက်ရည်ဆိုင် မှာ လူသတ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013