DVB Logo
Home
မြန်မာသတင်း
ရွှေအရောင်းအဝယ်စနစ် ပြောင်းလဲကျင့်သုံးရန် ရွှေလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး
DVB
·
April 18, 2018
ရွှေအရောင်းအဝယ်စနစ် ပြောင်းလဲကျင့်သုံးရန် ရွှေလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး
1 / 3
Donate to DVB

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းနဲ့ မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းတို့ ဧပြီ ၁၈ ရက်က မန္တလေးမြို့မှာ တွေ့ဆုံပြီး ရွှေအရောင်းအဝယ်လုပ်ရာမှာ  ရွေး၊ ကျပ်သား အသုံးပြုတဲ့ စနစ်ကို ဂရမ်၊ အောင်စနဲ့ ပြောင်းလဲဖို့ တွေ့ဆုံဆွေးနွေးကြပါတယ်။

ရန်ကုန်က ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက “ရွှေဈေးကွက် အရောင်းအဝယ် မြှင့်တင်နိုင်ဖို့ လက်ရှိ စာရင်းစာရွက် အမှတ်အသား ကျပ်သားကနေ ဂရမ်ကို ချက်ချင်းအဖြေထွက် ရောင်းဝယ်နိုင်မယ့် ကွန်ပျူတာ software program ကို ထည့်သွင်းရေးဆွဲမှာ ဖြစ်ပါတယ်။ ရွှေရောင်းဝယ်ရေးလုပ်ငန်း နှစ်ဆမြှင့်တင်ဖို့ ခြောက်လအတွင်း အပြီးရေးဆွဲမယ့် program ကို ဒီနှစ်အတွင်း ရန်ကုန်၊ မန္တလေးမြို့ ရွှေအရောင်းအဝယ် ဈေးကွက်မှာ အသုံးပြုနိုင်အောင် လုပ်ဆောင်သွားမှာ ဖြစ်တယ်”လို့ ပြောပါတယ်။

မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက “လက်ရှိ မန္တလေးဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ ၁ပဲ ၇ရွေးခွဲကို ၈ရွေး ဖြစ်အောင် ပြင်ဆင် အရောင်းအဝယ် ပြုလုပ်နိုင်အောင် ရွှေပန်းထိမ်နဲ့ ရွှေလုပ်ငန်းရှင်တွေအားလုံး တွေ့ဆုံပြီး ညှိနှိုင်းမှာ ဖြစ်တယ်။ မန္တလေးတိုင်းနဲ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီး တိုင်းအစိုးရအဖွဲ့ကို တင်ပြသွားကာ တနိုင်ငံလုံး အတိုင်းတာထိ သုံးနိုင်အောင် ဆောင်ရွက်သွားမယ်”လို့ ဆိုပါတယ်။

အဲဒါအပြင် နိုင်ငံတကာနဲ့ ချိတ်ဆက် အရောင်းအဝယ်လုပ်ရာမှာ ဂရမ်ချိန်နဲ့ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ လည်း ပြောပါတယ်။

သင်္ကြန်အခါမတိုင်ခင် ရွှေဈေးကွက်က ၁ ကျပ်သားကို ၉၄၅,၅၀၀ ကျပ်ရှိပြီး သင်္ကြန်အခါပြီး ရွှေဈေးကွက်ကတော့  ၁ ကျပ်သားကို ၉၄၄,၀၀၀ ကျပ် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013