DVB Logo
Home
မြန်မာသတင်း
နေ့အပူချိန် မြင့်တက်သဖြင့် လေပြင်းတိုက်ခတ်၊ မိုးကြိုးပစ်နိုင်
DVB
·
April 18, 2018
နေ့အပူချိန် မြင့်တက်သဖြင့် လေပြင်းတိုက်ခတ်၊ မိုးကြိုးပစ်နိုင်
Donate to DVB

 

မြန်မာနိုင်ငံထဲမှာ နေ့အပူချိန်တွေ မြင့်တက်လာနေလို့ မွန်းလွဲနဲ့ ညနေပိုင်းတွေမှာ လေပြင်းတိုက်တာ၊ မိုးကြိုးပစ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သတိပေးထားပါတယ်။

ဧပြီလနဲ့ မေလတွေမှာ နေ့အပူချိန်တွေ တဖြည်းဖြည်း မြင့်တက်လာနေပြီး အပူပျံတက် တိမ်တွေ ဖြစ်ထွန်းနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် မွန်းလွဲနဲ့ ညနေပိုင်းတွေမှာ မိုးတိမ်တောင်တွေ ဖြစ်ပေါ်နိုင်ပြီး အဲဒီ မိုးတိမ်တောင်တွေ ရွေ့လျားရာ နေရာ တလျှောက်မှာ လေပြင်းတွေ တိုက်တာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာနဲ့ နေရာကွက်ကျား မိုးထစ်ချုန်းရွာတာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

လေပြင်းတိုက်ခတ်တဲ့အခါ မြေပြင်/ ရေပြင်လေဟာ တနာရီ ၃၅ မိုင်ကနေ မိုင် ၄၀ အထိ တိုက်ခတ်နိုင်တာကြောင့် အထူးဂရုပြုကြဖို့ သတိပေး နှိုးဆော်ထားပါတယ်။

ပြီးခဲ့တဲ့ရက်က မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်၊ ပဲခူးတိုင်းဒေဥကြီး ပေါင်းတည်မြို့နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူနဲ့ ဟင်္သာတမြို့နယ်တို့ထဲက ကျေးရွာတွေမှာ လေပြင်းတိုက်လို့ လူနေအိမ်တွေ ထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013