DVB Logo
Home
မြန်မာသတင်း
အင်္ဂပူနှင့် ဟင်္သာတမြို့နယ်တွင် လေပြင်းတိုက်​ခတ်​၊ လူ​နေအိမ်​အများအပြား ပျက်​စီး
DVB
·
April 18, 2018
အင်္ဂပူနှင့် ဟင်္သာတမြို့နယ်တွင် လေပြင်းတိုက်​ခတ်​၊ လူ​နေအိမ်​အများအပြား ပျက်​စီး
Donate to DVB

ဧရာဝတီတိုင်း​ဒေသကြီး အင်္ဂပူမြို့နယ်​ထဲက ကျွဲ​သောင်း၊ ကျီးကြီး၊ ကညင်​ငူ စတဲ့​ ကျေးရွာ​ပေါင်း ၁၀ ရွာ​ကျော်​မှာ ဧပြီ ၁၇ ရက်​​ည​နေပိုင်းက ​လေပြင်းတိုက်​ခတ်​ခဲ့လို့ လူ​နေအိမ်တချို့ အမိုးလန်​၊ ပြိုလဲတာ​တွေ ဖြစ်​​ပေါ်ခဲ့ပါတယ်။

အလားတူ ဟင်္သာတမြို့နယ်​​ထဲက​ ရှမ်းစု၊ ကညင်​ငူ၊ လိပ်​ခုံ စတဲ့​ကျေးရွာ​ပေါင်း ​၈ ရွာမှာလည်း မ​နေ့က ​လေပြင်းတိုက်​ခတ်​ခဲ့လို့​ နေအိမ်တချို့ ပျက်​စီးခဲ့ပါတယ်။

ဟသာင်္တမြို့နယ် ရှမ်းစု​ကျေးရွာ​နေ ကို​အောင်​မျိုးသန့်​က​ “ကျ​နော့်တသက်​မှာ ဒါမျိုးဖြစ်​တာ ဒါပထမဆုံးပဲ​။ လေပြင်းက ရုတ်​တရက်​ တိုက်​ခတ်​တယ်​​။ ကျနော်​​တို့ကျေးရွာအပါ အနားက​လေး ငါးရွာ​လောက်​လည်း ဖြစ်​သွားတယ်​ဗျ။ အများဆုံးက​ နေအိမ်​​တွေ အမိုး​လန်​တာတွေနဲ့​ သေးတဲ့ အိမ်​​တွေက​တော့ ပြိုကျသွားပါတယ်​။ ကျ​နော်​တို့​တွေ ခုလိုဖြစ်​​တော့ စိတ်​​တော့ပျက်​မိတာ​ပေါ့။ မိုးချိန် ​ကာချိန်​​တွေလည်း ​ရောက်​​နေပြီ​လေ။ အဲ​ဒီတော့ အချိန်​မီ ပြန်​လုပ်​ဖို့ အခက်​အခဲ​တွေ က​တော့ အများကြီးပါပဲ။ တာဝန်​ရှိသူ​တွေအနေနဲ့ အနည်းနဲ့အများ ​ထောက်​ပံ့​ပေး​စေချင်​တာ​ပေါ့။ ခု​လော​လောဆယ်​​တော့ ဖြစ်​သလိုပဲ ​နေထိုင်​ရမှာပဲ။ ဧရာဝတီတိုင်း​ဒေသကြီး အစိုးရဝန်​ကြီး​တော့ လာကြည့်​မယ်​လို့ ဒီကလူကြီး​တွေ​ ပြော​နေတာ​တော့ သိတယ်​​။ ​ပြောရရင် ​အခက်​အခဲက​တော့ အများကြီးပါပဲ”လို့​ ပြောပါတယ်​။

အင်္ဂပူမြို့နယ် အမှတ်​-၂ မဲဆန္ဒနယ် ​တိုင်း​ဒေသကြီးလွှတ်​​တော် ကိုယ်စားလှယ် ​ဦးဘိုဘိုဇင်​က​ “ဒီ​နေ့ ဝန်​ကြီး တခါတည်းဆင်းလာတယ်။ ​လေ​ဘေးသင့်တဲ့​နေရာ​တွေ အားလုံး လိုက်​ကြည့်​မယ်။ တခါ တိုင်းခရိုင်​လူ​ကယ်​ပြန်ပါ ပါလာမယ်​။ ​လေ​ဘေးသင့်တဲ့လူ​တွေ၊ အိမ်​​တွေ၊ ဘုန်း​တော်​ကြီး​ကျောင်း​တွေ၊ စာသင်​​ကျောင်း​တွေကို တခါတည်း ပစ္စည်းနဲ့​ငွေ​ ထောက်​ပံ့မှာ။ ခုဖြစ်​​နေတဲ့​ နေရာ​တွေအားလုံးကို ဝန်​ကြီးချုပ်​နဲ့ တခါတည်းသွားပြီး ကူညီ​အား​ပေးစကား​ ပြောတာ​တွေကို လုပ်​​ဆောင်​မှာပါ။ ဒီ​နေ့ အပြီးလုပ်​ဖြစ်​မှာပါ”လို့ ဒီဗွီဘီကို​ ပြောပါတယ်​။

မြို့နယ်​နှစ်​ခုလုံးက လေ​ဘေးသင့် ပြည်​သူ​တွေရဲ့ နေအိမ်​တန်ဖိုး​ငွေ​တွေကို စာရင်းပြု​နေဆဲ ဖြစ်​ပါတယ်​။ ပျက်​စီး​နေတဲ့ လူ​နေအိမ်​​တွေ၊ ဘုန်း​တော်​ကြီး​ကျောင်း၊ စာသင်​​ကျောင်း စတာ​တွေကို​တော့ မြန်​မာနိုင်​ငံ ရဲတပ်​ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့​တွေ စတဲ့ အဖွဲ့အစည်း​တွေက ဝိုင်းဝန်းကူညီပေး​နေကြပါတယ်​။

သတင်း - သန်းထိုက်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013