DVB Logo
Home
မြန်မာသတင်း
သင်္ကြန်ကာလအတွင်း တနိုင်ငံလုံး လူ ၂၆ ဦး သေဆုံး၊ ၁၃၇ ဦး ဒဏ်ရာရ
DVB
·
April 18, 2018
သင်္ကြန်ကာလအတွင်း တနိုင်ငံလုံး လူ ၂၆ ဦး သေဆုံး၊ ၁၃၇ ဦး ဒဏ်ရာရ
Donate to DVB

 

ပြီးခဲ့တဲ့သင်္ကြန်ကာလအတွင်း ဖြစ်ပွားခဲ့တဲ့မှုခင်းတွေကြောင့် တနိုင်ငံလုံးမှာ လူ ၂၆ ယောက် သေဆုံးပြီး ၁၃၇ ယောက် ဒဏ်ရာ ရခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

လူသတ်မှုတွေကြောင့် ၉ ယောက်၊ ယာဉ်တိုက်မှုတွေကြောင့် ၉ ယောက် သေဆုံးပြီး ရေနစ်လို့ ၈ ယောက် သေဆုံးခဲ့တာပါ။

အများဆုံး ဖြစ်ပွားခဲ့တဲ့ နေရာတွေကတော့ ကချင်ပြည်နယ်နဲ့ ရန်ကုန်မှာ ယာဉ်တိုက်မှု ကြောင့် ၃ ယောက်စီသေဆုံးခဲ့ပြီး ပဲခူးတိုင်းမှာ လူသတ်မှုကြောင့် ၃ ယောက်သေဆုံးခဲ့တာပါ။

သင်္ကြန်နဲ့ ပတ်သက်တဲ့ မှုခင်းတွေဟာ တိုင်းနဲ့ ပြည်နယ် ၁၃ ခုမှာပဲ ဖြစ်ခဲ့ပြီး ကယား ပြည်နယ်နဲ့ ချင်းပြည်နယ်မှာတော့ မဖြစ်ပွားခဲ့ဘူးလို့ အစိုးရ သတင်းစဉ်မှာ ဖော်ပြထားပါတယ်။ ရန်ကုန်တိုင်းမှာလည်း မနှစ်ကနဲ့ ယှဉ်ရင် မှုခင်း ၃ မှုလျော့နည်းသွားတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

သင်္ကြန်နဲ့ မဆိုင်ဘဲ ဖြစ်ပွားခဲ့တဲ့ မှုခင်းတွေကြောင့် တနိုင်ငံလုံးမှာ ၂၅၉ ယောက် သေဆုံးတယ်လို့ သတင်းစဉ်မှာ ဖော်ပြပါတယ်။ လူသတ်မှုကြောင့် ၁၃ ယောက်၊ ယာဉ်တိုက်မှုကြောင့် ၁၂၄ ယောက်၊ ရေနစ်တာ အပါအဝင် သေမှုသေခင်းတွေကြောင့် ၁၂၂ ယောက် သေဆုံးခဲ့တာပါ။

ရဲတပ်ဖွဲ့အနေနဲ့ သင်္ကြန်မှာ ကြိုတင်ကာကွယ် ထိန်းသိမ်းခဲ့သူပေါင်း ၁၃၈၀ ရှိပြီး ပြစ်မှု ကျူးလွန်သူတွေကို ဆက်လက်အရေးယူသွားမယ်လို့လည်း အစိုးရသတင်းစဉ်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013