DVB Logo
Home
မြန်မာသတင်း
ရန်ကုန်သင်္ကြန်တွင်း မှုခင်းဖြစ်ပွားမှု ယမန်နှစ်ထက် လျော့နည်းကျဆင်း
DVB
·
April 18, 2018
ရန်ကုန်သင်္ကြန်တွင်း မှုခင်းဖြစ်ပွားမှု ယမန်နှစ်ထက် လျော့နည်းကျဆင်း
Donate to DVB

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြီးခဲ့တဲ့သင်္ကြန် ၄ရက်တာကာလအတွင်း သင်္ကြန်နဲ့  ပတ်သက်တဲ့ မှုခင်းဖြစ်ပွားမှု ၉ မှုဖြစ်ပွားခဲ့ပြီး အရင်နှစ်ကထက် ၃ မှု လျော့နည်းကျဆင်းခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲထံကသိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ သင်္ကြန်နဲ့ ပတ်သက်တဲ့ မှုခင်း ၁၂ မှုဖြစ်ပွားခဲ့ပြီး အခု၂၀၁၈ ခုနှစ် သင်္ကြန်ကာလအတွင်းမှာ အများဆုံးဖြစ်ပွားခဲ့တဲ့အမှုတွေကတော့ ခိုက်ရန် ဖြစ်ပွားမှုဖြစ်ပြီး ဒုတိယအများဆုံးကတော့ ယာဉ်မတော်တဆမှုဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဇွဲ့သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲမှူးလှဝေက “ခိုက်ရန် ဖြစ်ပွားမှုကလည်း သင်္ကြန်ရေကစားချိန်တွင်းမှာဖြစ်တာမျိုး မဟုတ်ပါဘူး။ ညနေ ရေကစားတာ ပိတ်ချိန် အိမ်ပြန်ချိန်မှာ မူးပြီးအချင်းချင်းစကားများရာကနေ ခိုက်ရန်ဖြစ်ပွားကြတာပါ။ ယာဉ် မတော်တဆမှုကတော့ ၂ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄ ဦးဖြစ်ကာ ဒဏ်ရာရသူ ၉ ဦးဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် အရက်ပုန်းရောင်းချမှုတွေ အရက်ဘီယာပုလင်းတွေ ဖမ်းဆီးရမိတဲ့အပြင် မူးယစ်ဆေးဝါးမှု ၁၂ မှုထိဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ စာရင်းတွေအရ သိရပါတယ်။

သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဆေးရုံအသီးသီးမှာ ထိခိုက် ဒဏ်ရာရရှိတာကြောင့် လာရောက် ဆေးကုသသူ ၃၀၁ ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူတွေထဲက ၁၃၇ ဦးက ယာဉ်မတော်တဆမှုနဲ့ ခိုက်ရန်ဖြစ်ပွားနာကျင်စေမှု ၇၉ မှုနဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013