DVB Logo
Home
မြန်မာသတင်း
အကျဉ်းကျနေသူများလွတ်မြောက်စေ​ရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှစ်သစ်ဆုတောင်း
DVB
·
April 18, 2018
အကျဉ်းကျနေသူများလွတ်မြောက်စေ​ရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှစ်သစ်ဆုတောင်း
Donate to DVB

 

နှစ်သစ်မှာ အကျဉ်းကျနေသူတွေ ပြန်လည်လွတ်မြောက်ပါစေလို့ ကရင်ပြည်နယ် ၀န်ကြီးချုပ်က နှစ်သစ်ကူး ဆုမွန်စကားပြောပါတယ်။

ဧပြီ ၁၇ ရက် မနက်က ဘားအံမြို့၊ ဇွဲကပင်ခမ်းမရှေ့ ကန်သာယာဇိဝိတဒါန ငါးလွှတ်ပွဲ အခမ်းအနားအပြီး ဆုမွန်စကား ဒီဗွီဘီကို ပြောပါတယ်။

ကရင်ပြည်နယ် ၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် က “နှစ်သစ်မှာအားလုံးပဲ ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာစွာ ဖြစ်ပါစေ။ သမ္မတကြီးမိန့်ခွန်းပြီးလို့ရှိရင်လည်း အကျဉ်းထဲကလူတွေ လွတ်ပါစေ”လို့ ပြောပါတယ်။

အခမ်းအနားမှာ ပြည်နယ်ဝန်ကြီးချုပ်ကြီးနဲ့အတူ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝန်ကြီးတွေ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူတွေနဲ့ သက်ကြီးဘိုးဘွားတွေက ရွှေဝါငါးကြင်း ၆ သောင်း၊ ငါးမြင်ချင်း ၅ ထောင်၊ ငါးခုံမ ၅ ထောင်၊ တီလားဘီယား ၅ ထောင်၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၇ သောင်းခွဲကို ကန်သာယာကန်အတွင်းကို စုပေါင်းလွှတ်ပေးခဲ့ပါတယ်။

ဒါ့ပြင် ဇွဲကပင်ခမ်းမမှာပြုလုပ်တဲ့ သက်ကြီးပူဇော်ပွဲ အခမ်းအနားမှာ သက်ကြီး အဘိုးအဘွားတွေကို ပူဇော်ကန့်တော့ပြီး အလှူငွေနဲ့ ဆေးပစ္စည်းတွေ ပေးအပ်ခဲ့ပါတယ်။

သက်ကြီးပူဇော်ပွဲမှာ ဘားအံမြို့ပေါ်ရှိ  အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွား ၄၁၁ ဦးအတွက် ပြည်နယ်အစိုးရက ကျပ်သိန်း ၂၀၀ ကျော်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာက ၁၈ သိန်းကျော်၊ စုစုပေါင်း ကျပ်သိန်းပေါင်း ၂၀၀ ကျော်ပေးအပ်ခဲ့ပါတယ်။

ဒါ့အပြင် ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နဲ့ အမျိုးသမီးရေးရာ အဖွဲ့ကလည်း အဘိုးအဘွားတွေကို တစ်ဦးကို ၅ ထောင်ကျပ်စီ၊ ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာနက ကျပ် ၅ သိန်းကျော်တန်ဖိုးရှိတဲ့ တိုင်းရင်းဆေးပစ္စည်းတွေကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013