DVB Logo
Home
မြန်မာသတင်း
စစ်​တွေမြို့​တွင် ညမထွက်ရအမိန့်​ထုတ်ပြန်
DVB
·
June 10, 2012
Donate to DVB

စစ်​တွေမြို့​နယ်အတွင်း​ လူအချို့​က အများ​ပြည်သူ​တွေရဲ့​လုံခြုံ​ရေး​နဲ့​တရား​ဥပ​ဒေစိုး​မိုး​ရေး​ကို ထိခိုက်ပျက်ပြား​အောင် ပြုမှု​ဆောင်ရွက်​နေမှု​ကြောင့်​ စစ်​တွေမြို့​မှာ ညမထွက်ရအမိန့်​ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်​ကြောင်း​ အစိုး​ရပိုင်မီဒီယာ​တွေက​နေ ဒီ​နေ့​ ​ကြေညာလိုက်ပါတယ်။

စစ်​တွေမြို့​နယ်အတွင်း​ စု​ဝေး​ဟော​ပြောခြင်း​၊​ စီတန်း​လှည့်​လည်ဆန္ဒပြခြင်း​၊​ ဆူပူဖျက်ဆီး​ခြင်း​ ​တွေကို တား​မြစ်လိုက်ပြီး​ လူ ၅ ဦး​ထက်ပို မစုဖို့​နဲ့​ ညဘက်အပြင်မထွက်ဖို့​ စစ်​တွေမြို့​နယ် အုပ်ချုပ်​ရေး​မှူး​က အမိန့်​ထုတ်ပြန်လိုက်တာပါ။

စစ်​တွေမြို့​နဲ့​ အနီး​အနား​ပတ်ဝန်း​ကျင်မှာ အစ္စလာမ်ဘာသာဝင်​တွေက အုပ်စုဖွဲ့​ပြီး​ ရခိုင်တိုင်း​ရင်း​သား​တွေကို လာ​ရောက်တိုက်ခိုက်တာ​တွေ ရှိ​နေတာ​ကြောင့်​ စ​နေ​နေ့​က လုံထိန်း​ရဲတပ်ဖွဲ့​က ​သေနတ်ပစ်​ဖောက်ပြီး​ လူစုခွဲရတာ​တွေ ရှိတယ်လို့​ စစ်​တွေမြို့​ခံတဦး​က ​ပြောပါတယ်။ ဒီ​နေ့​လည်း​ စစ်​တွေမြို့​မှာ ​နေအိမ်​တွေကို မီး​ရှို့​မှု​တွေ ဆက်လက်ဖြစ်ပွား​နေပြီး​ အ​ခြေအ​နေ​တွေ တင်း​မာ​နေဆဲပဲလို့​ သိရပါတယ်။

အလား​တူ ​မောင်​တောနဲ့​ဘူး​သီး​တောင်မြို့​တွေမှာလည်း​ ညမထွက်ရအမိန့်​ ဆက်လက်ထုတ်ပြန် ထား​ဆဲဖြစ်ပါတယ်။ ​မောင်​တော အနီး​အနား​က ​ကျေး​ရွာ​တွေမှာ စ​နေ​နေ့​က အကြမ်း​ဖက်မှု​တွေ ထပ်ဖြစ် ပွား​ခဲ့​ရာမှာ ​ကျောင်း​ဆရာတဦး​အပါအဝင် လူ ၇ ဦး​ ​သေဆုံး​၊​ ၁၇ ဦး​ ဒဏ်ရာရကာ ​နေအိမ် ၅၀၀ ​လောက် ပျက်စီး​သွား​တယ်လို့​ဒီ​နေ့​ထုတ် နိုင်ငံပိုင်သတင်း​စာ​တွေမှာ ​ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013