DVB Logo
Home
မြန်မာသတင်း
မုံရွာထောင်မှ အကျဉ်းသား ၄၁ ဦးလွတ်မြောက်၊ တရုတ်နိုင်ငံသား ၂ ဦးပါဝင်
DVB
·
April 17, 2018
မုံရွာထောင်မှ အကျဉ်းသား ၄၁ ဦးလွတ်မြောက်၊ တရုတ်နိုင်ငံသား ၂ ဦးပါဝင်
1 / 19
Donate to DVB

နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်အမိန်နဲ့ မုံရွာအကျဉ်းထောင်မှ အကျဉ်းသား ၄၁ ဦး ဒီနေ့ ပြန်လည်လွတ်မြောက်လာပြီး တရုတ်နိုင်ငံသား ၂ ဦးလည်း ပါဝင်ပါတယ်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ်၊ ပြည်သူတွေစိတ်နှလုံး အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထား အလေးထားတဲ့အနေနဲ့ နိုင်ငံတော်သမ္မတကနေ နိုင်ငံတစ်ဝှမ်းအကျဉ်းထောင်/စခန်း အသီးသီးမှာ အကျဉ်းကျခံနေရ အကျဉ်းသား/သူ ၈၄၉၀ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ စည်းကမ်းသတ်မှတ်ချက်မရှိဘဲ လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့ပါတယ်။

အဲဒီထဲက မုံရွာအကျဉ်းထောင်မှာ အကျဉ်းကျခံနေရသူ ၉၀၀ ကျော်ရှိတဲ့အထဲက နိုင်ငံသားအကျဉ်းသား ၃၆ ဦး၊ နိုင်ငံသား အကျဉ်းသူ ၃ ဦးနဲ့ တရုတ်နိုင်ငံသား အကျဉ်းသား ၂ ဦးတို့ကို ဒီနေ့နေ့လယ် ၁ နာရီအချိန်က လွတ်မြောက်ခဲ့ပါတယ်။

လွတ်မြောက်လာသူတွေက အနည်းဆုံး ထောင်ဒဏ် ၁ နှစ်ကျော်ကနေ အများဆုံး ၁၀ နှစ်ထိ ပြစ်ဒဏ်ကျခံနေရသူတွေဖြစ်ပြီး မူးယစ်မှု၊ လဝကမှုနှင့် အခြားအမှုတွေလည်း ပါဝင်ပါတယ်။

ပြစ်ဒဏ်က လွတ်မြောက်လာသူတွေကို ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ လဝက တာဝန်ရှိသူတွေနဲ့ မုံရွာထောင်က တာဝန်ရှိသူတွေက လွတ်ငြိမ်းခွင့်နဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပြီး အပြင်လောကမှာ အေးအေးချမ်းချမ်းနေထိုင်သွားကြဖို့တွေကိုလည်း ပြောဆိုခဲ့ပါတယ်။

အကျဉ်းထောင်က လွတ်မြောက်လာသူတွေကို နိုင်ငံတော်က ထောက်ပံ့ငွေ ၁၀၀၀ ကျပ်စီနဲ့ လွတ်မြောက်လက်မှတ်၊ အကျဉ်းကျခံနေစဉ်အတွင်း ၁ ရက်ကို ၂၀၀ ကျပ်နဲ့ လုပ်အားခ ရသင့်ရထိုက်တဲ့ငွေတွေကိုလည်း အသီးသီးပေးအပ်ခဲ့ပြီး လာကြိုသူမရှိတဲ့ လွတ်မြောက်အကျဉ်းသားတွေကို ကားဂိတ်၊ အမြန်ယာဉ်ဂိတ်စသဖြင့် ပို့ပေးခဲ့ပါတယ်။ အချို့လွတ်မြောက်အကျဉ်းသားတွေကိုတော့ မိသားစုတွေက လာရောက်ကြိုဆိုခဲ့ကြပါတယ်။

အောင်ကိုလတ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013