DVB Logo
Home
မြန်မာသတင်း
သေဒဏ်ချမှတ်ခံရသည့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်
DVB
·
April 17, 2018
သေဒဏ်ချမှတ်ခံရသည့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်
1 / 8
Donate to DVB

သေဒဏ်ချမှတ်မှတ်ခံထားရတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) က ရဲဘော်သံချောင်း (ခ) ခွန်ကျော် ဒီကနေ့  သာယာဝတီထောင်ကနေ လွတ်မြောက်လာပါတယ်။

ဒီနေ့ မြန်မာနှစ်ဆန်း (၁) ရက်နေ့မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၁၇/၂၀၁၈ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်အရ သာယာဝတီအကျဉ်းထောင်မှာ အကျဉ်းသား (၅၈) ဦး လွတ်မြောက်ရာမှာ နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ကိုသံချောင်း၊ ဗိုလ်မှူး ဝင်းနိုင်ကျော်နဲ့ ဦးကျော်လှိုင်တို့ ၃ ဦး ပါဝင်လွတ်မြောက်လာတာပါ။

ကိုသံချောင်းဟာ ၂၀၀၆ ခုနှစ်က တိုက်ပွဲအတွင်းဖမ်းဆီးခံခဲ့ရပြီး အဲဒီနှစ်မှာပဲ သေဒဏ် ၄ ကြိမ်နဲ့ ထောင်ဒဏ် နှစ်အကန့်အသတ်မရှိ ကျခံနေရသူဖြစ်ပြီး အငြိမ်းစားဗိုလ်မှူး ဝင်းနိုင်ကျော် ကတော့ သေဒဏ်နဲ့ ထောင်ဒဏ် ၂၈ နှစ် ကျခံနေရသူတဦးဖြစ်တယ်ပါတယ်။

ဦးကျော်လှိုင်ကတော့ ရှမ်းပြည်တပ်မတော်က ဖြစ်ပါတယ်။

အလားတူ တောင်ငူအကျဉ်းထောင်ကနေ ဒီကနေ့နေ့လယ်ပိုင်းမှာ အကျဉ်းသား ၅၉ ဦးနဲ့ အကျဉ်းသူ ၁ ဦး၊ စုစုပေါင်း ၆၀ ဦး လွတ်မြောက်လာပါ။

လွတ်မြောက်သူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ဝင်စောယာကို၊ စောမဲဒိုနဲ့ အောင်ကျော်လင်းတို့ ၃ ဦးလည်း ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

မြန်မာနှစ်သစ်ကူးအခါသမယ အထိမ်းအမှတ် အကျဉ်းထောင်/စခန်းအသီးသီးမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံသား အကျဉ်းသား/သူ ( ၈၄၉၀ ) ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ - ၄၀၁ ပုဒ်မခွဲ - ၁ အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။

သတင်း - ဓာတ်ပုံ ဝဏ္ဏထွန်း၊ မေသွယ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013