DVB Logo
Home
မြန်မာသတင်း
ပုဒ်မ ၄၀၁ (၁) ပယ်ဖျက်လိုက်သည့်အပေါ် နိုင်ကျဉ်းဟောင်းအဖွဲ့ ကြိုဆို
DVB
·
April 17, 2018
ပုဒ်မ ၄၀၁ (၁) ပယ်ဖျက်လိုက်သည့်အပေါ် နိုင်ကျဉ်းဟောင်းအဖွဲ့ ကြိုဆို
Donate to DVB

နိုင်ငံရေးအကျဉ်းသားတွေ စိတ်ဒဏ်ရာရစေတဲ့ ပုဒ်မ ၄၀၁၊  (၁) ကို သမ္မတဦးဝင်းမြင့်က ပယ်ဖျက်ပေးလိုက်တဲ့အပေါ် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်လို့ အဖွဲ့က  ဦးထွန်းကြည်က ပြောပါတယ်။

မြန်မာနှစ်ဆန်းတရက် ဧပြီ ၁၇ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတော်သမ္မတရုံးအမိန့် အမှတ် ၁၆မှာ “နိုင်ငံရေးနှင့်စပ်လျဉ်းသည့် ပြစ်မှုဖြင့် ပြစ်ဒဏ်ကျခံခဲ့ရသူများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ (၁) အရ လွတ်ငြိမ်းသက်သာခွင့် အမိန့်များထုတ်ပြန်၍ စည်းကမ်းချက်ဖြင့် လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ရာတွင် ယင်းတို့၏ လူမူအခွင့်အရေးကို ငဲ့ညာသောအားဖြင့် အဆိုပါ အမိန့်များပါ သတ်မှတ်ထားခဲ့သော စည်းကမ်းချက်များကို ဤအမိန့် ထုတ်ပြန်သည့်နေ့မှစ၍ ပယ်ဖျက်လိုက်သည်။” လို့ ဖော်ပြပါရှိပါတယ်။

သမ္မတဦးဝင်းမြင့် လက်မှတ်ထိုးထုတ်ပြန်လိုက်တဲ့ ဒီအမိန့်ကြောင့် နိုင်ငံရေးအကျဉ်းသားတွေကို ရည်ရွယ်ချက်ရှိရှိ ခြိမ်းခြောက်ထားမှုတွေ မရှိတော့ဘူးလို့ ဦးထွန်းကြည်က ပြောပါတယ်။

“၄၀၁ ၁ ကတော့ ဆိုကြပါစို့ ၁၀နှစ် ကျတယ် ဆိုကြပါစို့ဗျာ၊ လွှတ်ပေးလိုက်တဲ့အချိန်မှာ ၅ နှစ်အနေအထား ရှိသွားပြီပေါ့၊ လွှတ်ပေးလိုက်တဲ့အချိန်မှာ ၅ နှစ် ကျန်သေးတဲ့ အတွက်ကြောင့်မို့လို့ ဒီ ၅ နှစ်ကို အကြွေးကျန်အနေနဲ့ ထားထားတာခင်ဗျ။ အပြစ်တခုခု ဖြစ်ပြီဆိုတဲ့အချိန်မှာ ခု ကြွေးကျန်နဲ့ ပေါင်းပြီးတော့ ကျနော်တို့ကို ထောင်ချုလို့ရတဲ့ ပုံစံမျိုး လုပ်ထားတာဗျ။ ရည်ရွယ်ချက် ရှိရှိနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာ အာဃာတအနေနဲ့ ထားထားတဲ့ အနှောင်အဖွဲ့ ထောင်ချောက်ပဲ။”

ထောင်ကလွတ်လာကြတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးသမားတွေအား လုံးလောက်နီးနီးဟာ ပုဒ်မ ၄၀၁ (၁) နဲ့ ညိစွန်းနေကြသူတွေချည်း ဖြစ်ပါတယ်။

ဒီကနေ့ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသားခွင့်ထဲမှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ စာရင်းဝင် ၃၆ ဦးပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013