DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံးရှိ ကြိုးတံတား ၂၉ စင်းကို နိုင်ငံခြားပညာရှင်များဖြင့် စစ်ဆေးမည်
DVB
·
April 17, 2018
တနိုင်ငံလုံးရှိ ကြိုးတံတား ၂၉ စင်းကို နိုင်ငံခြားပညာရှင်များဖြင့် စစ်ဆေးမည်
Donate to DVB

ပြည်သူတွေ လမ်းပန်းဆက်သွယ်မှု ချောမွေ့ရေးနဲ့ အန္တရာယ်ကင်းရှင်းရေးအတွက် တနိုင်ငံလုံးရှိ ကြိုးတံတားတွေကို စစ်ဆေးပေးသွားမယ်လို့ သမ္မတ ဦးဝင်းမြင့် ပြောကြားလိုက်ပါတယ်။

တနိုင်ငံလုံးရှိ ကြိုးတံတား ၂၉ စင်းကို ၃ လအတွင်း နိုင်ငံခြားပညာရှင်တွေနဲ့အတူ အသေးစိတ်စစ်ဆေးပေးမှာဖြစ်ပြီး အန္တရာယ်ရှိနိုင်တဲ့ ကြိုးတံတားတွေကိုလည်း ၆ လအတွင်း ဦးစားပေး ပြင်ဆင်ပေးသွားမယ်လို့ ဆိုပါတယ်။ သမ္မတ ဦးဝင်းမြင့်က နှစ်သစ်ကူး မိန့်ခွန်းမှာ အခုလို ပြောကြားခဲ့တာပါ။

ဒါ့အပြင် လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ လျှပ်စစ်မီးတိုးမြှင့်ရရှိရေးအတွက် အခုလက်ရှိထုတ်လုပ်မှု မဂ္ဂါဝပ် ၃၀၀၀ မှ လာမယ့် ၃ နှစ်အတွင်း မဂ္ဂါဝပ် ၃၀၀၀ ထပ်မံတိုးမြှင့်၍ စုစုပေါင်းမဂ္ဂါဝပ် ၆၀၀၀ ထုတ်လုပ်သွားမယ်လို့ နှစ်သစ်ကူး မိန့်ခွန်းမှာ သမ္မတ ဦးဝင်းမြင့်က ပြောတယ်။

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးမှာ လက်ရှိသုံးစွဲနေတဲ့ (230) KV လိုင်းအပြင် နောက်ထပ် (500) KV လိုင်းကိုလည်း ၃ နှစ်အတွင်း တိုးချဲ့ပြီး ဖြန့်ဖြူးပေးမယ်လို့ ဆိုပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့လည်း လာမယ့် ၁ နှစ်အတွင်း လမ်းမကြီးအတွက် မိုင်ပေါင်း ၁၀၀ အသစ်ဖောက်လုပ်မှာဖြစ်ပြီး လက်ရှိအသုံးပြုနေတဲ့ ကျောက်လမ်းတွေထဲက မိုင် ၂၀၀ ကို ကတ္တရာခင်းခြင်း သို့မဟုတ် ကွန်ကရစ်ခင်းခြင်း ပြုလုပ်ပေးမယ်၊ ကျေးလက်လမ်းတွေ အနေနဲ့လည်း မိုင်ပေါင်း ၆၀၀ လောက် ကျေးလက်လမ်းအသစ် ဖောက်လုပ်ပေးမယ်၊ လက်ရှိ အသုံးပြုနေတဲ့ ကျေးလက်လမ်းတွေထဲ မိုင် ၁၀၀၀ လောက်ကို ကွန်ကရစ် သို့မဟုတ် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့် ခင်းပေးမယ်လို့ သမ္မတက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့ မနက်ပိုင်းက မြောင်းမြ မြစ်ကူးကြိုးတံတားကြီး ရွေးမြစ်ထဲကို ပြတ်ကျသွားလို့ ခြောက်ဘီးကုန်တင်ယာဉ်နဲ့အတူ လူ ၂ ဦး သေဆုံးမှုဖြစ်ပေါ်ခဲ့ပြီးနောက် ကြိုးတံတားတွေကို စစ်ဆေးသွားမယ်လို့ သမ္မတက ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013