DVB Logo
Home
မြန်မာသတင်း
သမ္မတ ဦးဝင်မြင့်အမိန့်ဖြင့် အကျဉ်းသား ၈၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေး
DVB
·
April 17, 2018
သမ္မတ ဦးဝင်မြင့်အမိန့်ဖြင့် အကျဉ်းသား ၈၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေး
Donate to DVB

မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အနေနဲ့ နိုင်ငံတ၀န်း အကျဉ်းထောင်တွေက အကျဉ်းသူ၊ အကျဉ်းသား ၈၄၉၀ ဦးကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အမိန့်နဲ့ ဒီကနေ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။

သမ္မတဦးဝင်းမြင့်ရဲ့ အမိန့်ကြေညာချက်မှာ  ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်တာလို့ ဆိုပါတယ်။

အလားတူ နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၅၁ ဦးကိုလည်း ပြစ်ဒဏ်ကနေ လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်ပါတယ်။

နိုင်ငံအချင်းချင်း ဆက်ဆံရေးနဲ့ လူသားချင်း စာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ လွတ်ငြိမ်းခွင့်နဲ့ ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နိုင်ငံရေးပြစ်မှုနဲ့ ပြစ်ဒဏ်ကျခံရသူတွေကို ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ စည်းကမ်းချက်တွေနဲ့ လွတ်ငြိမ်းခွင့်ပြုခဲ့ရာကနေ သူတို့ရဲ့ လူမှုအခွင့်အရေးကို ငဲ့ညာတဲ့အနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို ပယ်ဖျက်လိုက်တယ်လို့လည်း သမ္မတရုံးက အမိန့်ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013