DVB Logo
Home
မြန်မာသတင်း
တနိုင်းတွင် ပိတ်မိနေသူများ မလွတ်မြောက်သေး
DVB
·
April 16, 2018
တနိုင်းတွင် ပိတ်မိနေသူများ မလွတ်မြောက်သေး
1 / 6
Donate to DVB

တနိုင်းဒေသမှာ တိုက်ပွဲကြားပိတ်မိနေသူ၂၀၀၀ ကျော် မလွတ်မြောက်သေးဘဲ သူတို့ကို တပ်မတော်က အုပ်စု ၃ စု ခွဲနေတယ်လို့   ကချင်လူမျိုးဖွံ့ဖြိုးရေးဖောင်ဒေရှင်းက ဆရာမ ကိုင်ရာ က ပြောပါတယ်။

“သူတို့ သတင်းပို့တာက သူတို့ကို လူစုခွဲတယ်၊ အမျိုးသမီး အပျိုမတွေကို သတ်သတ်၊ အဘွားကြီးတွေ သတ်သတ်၊ အမျိုးသားတွေသတ်သတ် လူစုခွဲလိုက်တယ်၊ စစ်တပ်က လူစုခွဲတယ်လို့ သတင်းရတယ်။”

ဘာလုပ်ဖို့ အခုလို လုပ်တာလည်းဆိုတာမသိဘဲ ပိတ်မိနေတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေ ဒုက္ခရောက်နေကြတယ်လို့ ပြောပါတယ်။

ဧပြီလ ၁၁ ရက်ကစပြီး တနိုင်းမြို့နယ်၊ အင်းတော်ချောင်းဝ ဒေသမှာ  တပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေကြား ဒေသခံထောင်နဲ့ချီ ပိတ်မိနေကြတာ ဖြစ်ပါတယ်။

သူတို့လွတ်မြောက်ရေးအတွက် မကြာသေးခင်ကပဲ တနိုင်းမြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ စစ်ဘေးရှောင်ဒုက္ခသည် ကူညီစောင့်ရှောက်ရေးကော်မတီက ကချင်ပြည်နယ် ဝန်ကြီးချုပ်ကို တောင်းဆိုထားပါတယ်။

ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်ဖွဲ ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ကချင်ပြည်နယ်မှာ သင်္ကြန်ရက်အတွင်း တပ်မတော်နဲကေအိုင်အေတို့ကြား တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။

“သင်္ကြန်ရက်အတွင်းမှာလည်း ဆက်တိုက်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပါတယ်။ ကေအိုင်အေ တပ်မဟာ ၄ နယ်မြေ ဖြစ်ပါတယ်။ အဲ့ တနိုင်း ၀န်းကျင်ပေါ့။ တပ်မတော်ဘက်က ထိုးစစ်ဆင်လာတယ်၊ အစကတော့ လက်နက်ကြီးနဲ့ပစ်တာ၊ နောက် လေယာဉ်ပျံနဲ့ ပစ်တာ၊ နောက်ပိုင်းကျ မြေပြင် တိုက်ပွဲတွေ ပြန်ဖြစ်တာပေါ့။”

တိုက်ပွဲအတွင်း ဒဏ်ရာရ သေဆုံး သတင်းတော့ မကြားရဘူးလို့လည်း ပြောပါတယ်။

တနိုင်းမြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ စစ်ဘေးရှောင်ဒုက္ခသည် ကူညီစောင့်ရှောက်ရေးကော်မတီက ပေးပို့ထားတဲ့ ပိတ်မိနေတဲ့ စစ်ဘေးသင့်ပြည်သူတွေကို အမြန်ဆုံး ကယ်ထုတ်ပေးဖို့ စာကို နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌတွေ၊ လူကယ်ပြန် ဝန်ကြီး စတဲ့သူတွေဆီကိုလည်း ပေးပို့ထားပါတယ်။

တနိုင်းဒေသ တိုက်ပွဲနဲ့ တိုက်ပွဲကြား ပိတ်မိနေတဲ့သူတွေနဲ့ပတ်သက်လို့ တပ်မတော်ဘက်က ခုချိန်အထိ သတင်းတစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

ဓာတ်ပုံ - Hkun Awng Nlam

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013