DVB Logo
Home
Lead Story
ဆီးရီးယားအရေး အမေရိကန်၊ ရုရှား တင်းမာမှုနဲ့ စစ်ရိပ်စစ်ငွေ့
DVB
·
April 16, 2018
ဆီးရီးယားအရေး အမေရိကန်၊ ရုရှား တင်းမာမှုနဲ့ စစ်ရိပ်စစ်ငွေ့
Donate to DVB

၂၀၁၁ ခုနှစ် ဇန်ဝါရီလ ကစတင်လိုက်တဲ့ တူနီရှားနိုင်ငံက လူထုဒီမိုကရေစီရေး အုံကြွမှုကြီးက စတင်လိုက်တဲ့ အာရပ်နွေဦး လို့ ခေါ်တဲ့ လူထုဒီမိုကရေစီ အရေးတော်ပုံ တော်လှန်ရေး အဆက်ဆက် မြေထဲပင်လယ်ကမ်းခြေနိုင်ငံတွေမှာဖြစ်ခဲ့လို့ တူနီးရှား၊ အီဂျစ်၊ လစ်ဗျား စတဲ့ နိုင်ငံတချို့က အာဏာရှင်ခေါင်းဆောင်တွေ ပြုတ်ကျသွားခဲ့ပြီး လူထုရွေးချယ်တင်မြှောက်တဲ့ အစိုးရတွေ တက်လာနိင်ခဲ့တာကို စာဖတ်သူတွေ သတိရကြဦးမယ် ထင်ပါတယ်။

အဲဒီနိုင်ငံတချို့ရဲ့ အာရပ်နွေဦး လူထုဒီမိုကရေစီရေးတော်ပုံကြီးတွေထဲမှာ အပါအ၀င်ဖြစ်တဲ့ ဆီးရီးယား လူထုဒီမိုကရေစီရေးအရေးတော်ပုံ ကြီးကတော့ သူ့နိုင်ငံရဲ့အာဏာရှင် သမ္မတ ဘတ်ရှ်ရှား အယ်လ် အာဆတ်ကို ဖြုတ်ချလို့ မရနိုင်သေးဘဲ အာဏာရှင် အာဆတ်ရဲ့ လက်ကိုင်တုတ် စစ်တပ်ရဲ့တန်ပြန်စစ်ဆင်တိုင်ခိုက်တာကို ခံနေခဲ့ရတာဟာလည်း အခုအချိန်အထိ ကာလရှည်ကြာလာခဲ့ပါပြီ။

အခြား နိုင်ငံတွေနဲ့ မတူကွဲပြားတဲ့ အချက်တခုကလည်း ဆီးရီးယားပြည်တွင်းစစ် ကြီးကို ရှည်လျှားလာစေခဲ့တာဖြစ်ပါတယ်။ အဲဒါကတော့ အိုင်အက်စ် လို့ နာမည်ရတဲ့ အစ္စလာမ္မစ် အကြမ်းဖက်အုပ်စုတခုက ဆီးရီးယားနိုင်ငံရဲ့ ပြည်တွင်းစစ်ကို အမှီပြုပြီး နိုင်ငံထဲမှာ ၀င်ရောက်ခြေကုပ်ယူလာပြီးနောက်ပိုင်း အဲဒီ အိုင်အက်စ် အကြမ်းဖက် အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို နှိမ်နင်းခြေမှုန်းဖို့ အမေရိကန်နိုင်ငံက အာဆတ် ဆန့်ကျင်ရေး ဒီမိုကရေစီရေး လက်နက်ကိုင်အင်အားစုကို စစ်ရေးအရ အကူအညီပေးအပ်လာခဲ့သလို၊ ရုရှားနိုင်ငံကလည်း အိုင်အက်စ် အစ္စလာမ္မစ် အကြမ်းဖက်အဖွဲ့ကို ဆီးရီးယားနိုင်ငံထဲက မောင်းနှင်ထုတ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆီးရီးယားအာဏာရှင် သမ္မတ အာဆတ်ရဲ့အစိုးရတပ်တွေကို စစ်ရေးအရ ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်လာခဲ့ကြရာက ရန်ဘက်ဟောင်း ၂ နိုင်ငံကြား ဆက်ဆံရေးတင်းမာမှုတွေ ရှိလာခဲ့ကြတာလည်း ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

အဲဒီရန်ဘက်ဟောင်း ၂ နိုင်ငံရဲ့ ပါဝင်ပတ်သက်မှုတင်မကဘဲ သူတို့ရဲ့မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ဆော်ဒီအာရေးဗီးယား၊ အီရန်၊ တူရကီ စတဲ့ နိုင်ငံတွေကပါ ပါဝင်လာကြတဲ့အတွက် ဆီးရီးယားပြည်တွင်းစစ်ဟာ ပိုပြီးရှုပ်ထွေးပြင်းထန် ပဋိပက္ခ ကြီးမားလာခဲ့တာကို ကျနော်ရှေ့မှာ ဆောင်းပါးတပုဒ် ရေးသားတင်ပြခဲ့ပြီးဖြစ်ပါတယ်။

ဆီးရီးယား အာဏာရှင် အာဆတ်ကလည်း သူနဲ့ သူ့ရဲ့အာဏာရှင်စနစ်ကို ဖြုတ်ချဖို့ ကြိုးစားနေကြတဲ့ လက်နက်ကိုင်အင်အားစုတွေ၊ သူ့ကို ကူညီအားပေးနေတဲ့ နိုင်ငံတွေ အားကိုးနဲ့ အပြင်းအထန်တန်ပြန် ထိုးစစ်ဆင်မှုတွေ လုပ်လာရင်း ၂၀၁၂ ခုနှစ်က စပြီး တချို့တော်လှန်ရေးသူပုန်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို ဓာတုဗေဒ လက်နက်တချို့အသုံးပြုပြီး တိုက်ခိုက်ခဲ့ပါတယ်။ ၂၀၁၂ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ဆီရီးယား

အစိုးရတပ်တွေက ပထမဆုံးဓာတုလက်နက်နဲ့ တိုက်ခိုက်ခဲ့လို့ ဟုမ်းမ်မြို့မှာ လူ ၇ ယောက် အဆိပ်ဓာတ်ငွေ့သင့် သေဆုံးခဲ့ရပြီးနောက်ပိုင်းမှာလည်း နှစ်စဉ်နှစ်တိုင်း တချို့သူပုန်ထိန်းချုပ်ရာဒေသတွေကို တိုက်ခိုက်ရာမှာ ဓာတုလက်နက်တွေကို အသုံးပြုခဲ့တယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက မှတ်တမ်းတင်ထားခဲ့တာတွေ့ရပါတယ်။ ခု

နောက်ဆုံး ဧပြီ ၇ ရက်နေ့ ဒိုမာမှာ ဆီးရီးယား အစိုးရတပ်တွေက ဓာတုလက်နက် သုံးပြီးတိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်မှာ ဆီးရီးယားနိုင်ငံဟာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ကန့်သတ်အရေးယူ တားမြစ်ထားတာကို ထပ်ပြီးချိုးဖောက်ခဲ့တယ်လို့ နိုင်ငံတကာက ၀ိုင်းဝန်းပြစ်တင်ခဲ့ကြပါတယ်။

ဒီတိုက်ခိုက်မှုမှာတော့ ကလေးသူငယ်အတော်များများ အဆိပ်ဓာတ်ငွေ့သင့်ခံခဲ့ရတဲ့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ဆီးရီးယားနိုင်ငံက ဓာတုလက်နက်ထုတ်လုပ်တဲ့ နေရာတွေကို ဒုံးကျည်နဲ့ ပစ်ခတ်ချေမှုန်းပစ်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီအပြောကိုလည်း ဆီးရီးယားနိုင်ငံကို ကူညီအားပေးနေတဲ့ ရုရှားနိုင်ငံက အမေရိကန်က ပစ်လွှတ်မယ့် ဒုံးကျည်အစင်းတိုင်းကို ပစ်ချပစ်မယ်လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။

အမေရိကန်သမ္မတက ဆီးရီးယားနိင်ငံကို ဒုံကျည်နဲ့ ပစ်ခတ်တိုက်ခိုက်မယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပြီးတဲ့နောက် ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက သူ့ဝန်ကြီးအဖွဲ့ကို အရေးပေါ်အစည်းအဝေးခေါ်ယူပြီး အမေရိကန်က ဆီးရီးယားနိုင်ငံရဲ့ ဓာတုလက်နက်ထုတ်လုပ်ရာနေရာတွေကို ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခတ်မှုမှာ ပါဝင်ဆောင်ရွက်ဖို့ ဆွေးနွေးဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမယ့် တချို့လေ့လာသူတွေကတော့ ဒေါ်နယ်လ်ထရမ့်က ထုံးစံအတိုင်း ဟိန်းဟောက်ခြိမ်းခြောက်တာသာဖြစ်သလို ရုရှားနိုင်ငံကလည်း တန်ပြန်ပြောဆိုတာသာဖြစ်တယ်လို့ ထင်မြင်ယူဆခဲ့ကြပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ သူက ဘာမှပြောနေမှာ မဟုတ်ဘူးလို့ပဲ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဧပြီ ၁၄ ရက် စနေနေ့မှာတော့ သူ့မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ဗြိတိန်နဲ့ပြင်သစ်နိုင်ငံတို့နဲ့အတူ ဆီးရီးယားနိုင်ငံက ဓာတုလက်နက်ထုတ်လုပ်ရာနေရာတွေကို ပစ်မှတ်ထားပြီး ဒုံးကျည်အစင်းပေါင်း ၁၀၅ စင်းနဲ့ တချိန်တည်း ပစ်ခတ်တိုက်ခိုက်လိုက်ပါတယ်။ အဓိက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကတော့ ဒမတ်စကတ်မှာရှိတဲ့ ဘာဇာသုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှု ဗဟိုဌာနကို ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရုရှားနိုင်ငံကလည်း သူ့မဟာမိတ်ဖြစ်တဲ့ ဆီးရီးယားနိုင်ငံကို ပစ်ခိုက်လာတဲ့ အနောက်မဟာမိတ်တွေရဲ့ ဒုံးကျည်တွေကို ကာကွယ်ပစ်ချပေးခဲ့ပြီး စုစုပေါင်းဒုံးကျည် ၇၁ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စနေနေ့ မနက်စောစော ပစ်ခတ်တိုက်ခိုက်မှုဟာ ဆီးရီးယားနိုင်ငံရဲ့ မကြာခင်က အဆိပ်ဓာတ်ငွေ့သုံး တိုက်ခုမှုကို လက်တုံ့ပြန်တိုက်ခိုက်တာဖြစ်ပြီး ဆီးရီးယားနိုင်ငံရဲ့ ဓာတုလက်နက် ထုတ်လုပ်ရာနေရာတွေကို အဓိကပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ အနောက်မဟာမိတ် ၃ နိုင်ငံက ပြောကြားခဲ့ပါတယ်။

သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာတော့ သမ္မတ ဒေါ်နယ်လ်ထရမ့်က မဟာမိတ် ၃ နိုင်ငံဟာ ရက်စက်ရိုင်းစိုင်းမှုကို ဖြောင့်မှန်ကောင်းမွန်တဲ့ အင်အားနဲ့ စစ်ဆင်တိုက်ခိုက်ချေမှုန်းတာ ဖြစ်တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။ နောက်ပိုင်းမှာတော့ ထရမ့်က သူ့ရဲ့တွစ်တာ စာမျက်နှာမှာ “စစ်ဆင်ရေးအောင်မြင်ပြီးမြောက်” လို့ ရေးသားခဲ့ပါတယ်။

နိုင်ငံတကာလေ့လာသုံးသပ်သူတွေကတော့ ခုအနောက်မဟာမိတ် ၃ သုံးနိုင်ငံက ဆီဒရီးယားကို ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်မှုဟာ သူနဲ့ မဟာမိတ်ဖြစ်တဲ့ စူပါပါဝါ ရုရှားနိုင်ငံနဲ့ အနောက်ဒီမိုကရေစီနိုင်ငံတွေရဲ့ ဆက်ဆံရေးကို ပိုပြီးထိပ်တိုက်တွေ့တင်းမာလာစေလိမ့်မယ်လို့ ယူဆကြပေမယ့် ၂၀၁၁ ခုနှစ်တုန်းက လူသန်းဝက်လောက် သေဆုံးခဲ့ရတဲ့ ဘက်စုံစစ်ပွဲတပွဲ ထပ်ဖြစ်လာနိုင်ခြေတော့ မရှိဘူးလို့ ဆိုပါတယ်။

အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ကတော့ ဆီးရီးယားကို ဒုံးကျည်နဲ့ မပစ်ခတ်ခင်ကရော ပစ်ခတ်ပြီးနောက်ပိုင်းမှာပါ ပဋိပက္ခဖြေလျော့ရေး ဆက်ဆံရေးအတိုင်းသာ ရှိနေတယ်လို့ ဆိုပါတယ်။ သမ္မတ ထရမ့်ကတော့ ဆီးရီးယားနိုင်ငံက နောက်ထပ် ဓာတုလက်နက်ထပ်ပြီး သုံးစွဲလာရင် ခုလိုပစ်ခတ်တိုက်ခိုက်တာမျိုးနဲ့ တွေ့ရလိမ့်ဦးမယ်လို့ ပြောကြားခဲ့ပေမယ့် အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီး ဂျင်းမ် မက်တစ်စ်ကတော့ ခုဆီးရီးယား နိုင်ငံရဲ့ ဓာတုလက်နက်ထုတ်လုပ်ရာနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်လိုက်ရတာဟာ အရေးပေါ်လိုအပ်မှုအရသာ တိုက်ခိုက်လိုက်တာလို့ ပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံကတော့ ဆီးရီးယားနိုင်ငံက ဓာတုလက်နက်သုံးစွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သူတို့ရဲ့ ရှာဖွေတွေ့ရှိမှုတွေကို မစောင့်ဆိုင်းဘဲ ခုလိုဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုအပေါ် အနောက်မဟာမိတ်နိုင်ငံတွေကို ပြစ်တင်ပြောဆိုခဲ့ပါတယ်။ အကဲခတ်တွေကတော့ ရုရှားနဲ့ အမေရိကန်နိုင်ငံတိုရဲ့ ဆက်ဆံရေးဟာ စစ်အေးတိုက်ပွဲကာလ ရန်လိုမုန်းထားမှု အခြေအနေမျိုးပြန်ဖြစ်သွားခဲ့ပြီလို့ ဆိုကြပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က အနောက်မဟာမိတ် ၃ နိုင်ငံရဲ့ ဒုံးကျည်ပစ်ခတ်တိုက်ခိုက်မှုကို ဆီးရီးယားနိုင်ငံနဲ့ မဟာမိတ်နိုင်ငံတွေက ပြစ်တင်ရှုတ်ချ ပြောဆိုခဲ့ပေမယ့် ဒါဟာ တကြိမ်တခါ လုပ်ဆောင်ချက်တခုသာဖြစ်ပြီး သမ္မတအာဆတ်ကို သိပ်ထိခိုက်မှု မရှိခဲ့ဘူးလို့ ယူဆကြပါတယ်။ ဆီးရီးယားနိုင်ငံကို ထောက်ခံအားပေးနေတဲ့ ဒေသမဟာမိတ် အကြီးတန်းအရာရှိတယောက်ကတော့ အခုအနောက်မဟာမိတ်တွေ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ နေရာတွေဟာ ရုရှားနိုင်ငံရဲ့ ကြိုတင်သတိပေးမှုကြောင့် ပြီးခဲ့တဲ့ ရက်တွေအတွင်းက ရွှေ့ပြောင်းထားခဲ့ပြီး ဖြစ်တယ်လို့ ရိုက်တာသတင်းဌာန ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒါဆိုရင် အနောက်မဟာမိတ်တွေရဲ့ ဆီးရီးယားဓာတု လက်နက်ထုတ်လုပ်မှု တားဆီးရေး ပူးပေါင်းပစ်ခတ်တိုက်ခိုက်မှုဟာ တကယ်ပဲ ထိရောက်အောင်မြင်ခဲ့ရဲ့လား၊ တားဆီးနိုင်ပါ့မလား ဆိုတာကို စဉ်းစားကြရပါလိမ့်မယ်။ ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်စင်းရေက ရာကျော်ဖြစ်နေတော့ အပျက်အစီး များပြားမှာကတော့ အသေအချာပါပဲ။ ဒါပေမယ့် ဓာတုလက်နက်ထုတ်လုပ်ရေး ပေါင်းစပ်ပစ္စည်းတွေကို ဖျက်ဆီးနိုင်ခဲ့ပါရဲ့လား။ မဖျက်ဆီးနိုင်ခဲ့ရင် ဆီးရီးယားက နောက်ထပ်ဓာတုလက်နက်တွေ ထပ်ထုတ်လုပ်ပြီး ပြည်တွင်းစစ်မှာ ထပ်အသုံးချလာရင်ရော ဘယ်လိုကာကွယ်တားဆီးကြမှာလဲ။ ကမ္ဘာ့ကုလသမဂ္ဂက ကန့်သတ်ပိတ်ပင်မှု လုပ်ခဲ့တာကို အလေးမထားဘဲ ဓာတုလက်နက်ထုတ်လုပ်ပြီး အာဏာတည်မြဲရေးအတွက် ပြည်တွင်းစစ်မှာ ဓာတုလက်နက်တွေသုံးစွဲနေတဲ့ ဆီးရီးယားနိုင်ငံကို ဘယ်လိုအရေးယူကြမလဲ။ သူ့ကို ကူညီအားပေးနေတဲ့ ရုရှားနိုင်ငံရဲ့ လူမိုက်အားပေး လုပ်ရပ်ကိုရော ဘယ်လိုပြောကြမလဲ။ ကမ္ဘာ့ကုလသမဂ္ဂလို အဖွဲ့အစည်းက တားဆီးလို့မရ လို့ ခုလိုအနောက်မဟာမိတ်နိုင်ငံတွေက ပေါင်းပြီး တိုက်ခိုက်တာမျိုးကရော အမြဲတမ်းမှန်ပါ့မလား။ လက်သင့်ခံလို့ ဖြစ်ပါ့မလား။

ကျနော်ရှေ့ကေ ဆာင်းပါးတချို့မှာ ရေးခဲ့သလိုပါပဲ ကမ္ဘာ့ကုလသမဂ္ဂလို နိုင်ငံပေါင်းချုပ် အသင်းအဖွဲ့ကြီးမှာ ခိုင်မာတဲ့ သြဇာအာဏာရှိဖို့လိုပါတယ်။ မလိုက်နာရင် ပြစ်ဒဏ်ချမှတ်အရေးယူနိုင်တဲ့ အာဏာ အင်အားရှိဖို့ လိုအပ်ပါတယ်။ အချုပ်အခြာအာဏာဆိုတဲ့ ခေါင်းစဉ်နဲ့ ဆိုးသွမ်းနေတဲ့ အာဏာရှင်တွေကို ဒီအတိုင်းလွှတ်ထားလို့ မသင့်တော့တာကတော့ အမှန်ပါပဲ။

စိုးနေလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013